ရခိုင်မှာ ၃ လ နီးပါးအတွင်း ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးသူ ၂၄၀ ကျော်ရှိလာ

ရခိုင်မှာ ၃ လ နီးပါးအတွင်း ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးသူ ၂၄၀ ကျော်ရှိလာ
ဓာတ်ပုံ- ရွှေရောင်မေတ္တာဖောင်ဒေးရှင်း

ဩဂုတ် ၅

ရခိုင်ပြည်နယ်မှာ ကိုဗစ်တတိယလှိုင်း ကူးစက်မှုဖြစ်ပွားပြီး သုံးလနီးပါး ကာလအတွင်း ကိုဗစ် ၁၉ ရောဂါနဲ့ သေဆုံးသူ ၂၄၂ ဦး ရှိလာပြီဖြစ်တယ်လို့ ပြည်နယ်ကျန်းမာရေး ဦးစီးဌာန ထုတ်ပြန်ချက် စာရင်းတွေအရ သိရပါတယ်။

ဧပြီလ ၁၂ ရက်ကနေ ဩဂုတ်လ ၄ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံရသူ ၃၀၆၈ ဦးအနက် သေဆုံးသူ ၂၄၂ ဦးရှိလာတာဖြစ်ပြီး ဆေးရုံက ဆင်းခွင့်ရသူကတော့ ၇၃၄ ဦး ရှိပါတယ်။

ကိုဗစ်တတိယလှိုင်း အစောပိုင်းကာလမှာ ပိုးကူးစက်မှုနှုန်း နေ့စဉ်မြင့်တက်ခဲ့ရာကနေ အခုရက်ပိုင်းအတွင်း အနည်းငယ်လျှော့ကျလာကို တွေ့ရပေမယ့် သေဆုံးသူကတော့ ဆက်လက်ရှိနေဆဲလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဩဂုတ်လ ၅ ရက် ဒီနေ့ကနေ ဩဂုတ်လ ၁၈ ရက်နေ့အထိ Stay at Home ကာလ နောက်ထပ် နှစ်ပတ်ထပ်မံသက်တမ်းတိုးမြှင့် သတ်မှတ်ကြောင်း ULA/AA က မနေ့က ထုတ်ပြန်ကြေညာ ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly