အိန္ဒိယ ရွှေဝယ်လိုအား ပထမသုံးလပတ်တွင် ၁၉ ရာခိုင်နှုန်းမြင့်တက်

အိန္ဒိယ ရွှေဝယ်လိုအား ပထမသုံးလပတ်တွင် ၁၉ ရာခိုင်နှုန်းမြင့်တက်

အိန္ဒိယနိုင်ငံတွင် ၂၀၂၀ပြည့်နှစ်က တစ်နိုင်ငံလုံးပိတ်ဆို့မှုကြောင့် စီးပွားရေးထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် ရွှေဝယ်လိုအား အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့သော်လည်း ၂၀၂၁ခုနှစ် ဧပြီလမှ ဇွန်လအထိ ပထမ သုံးလပတ်အတွင်း အိန္ဒိယ၏ ရွှေဝယ်လိုအားသည် ၁၉ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၇၆ ဒသမ ၁ တန်ထိရောက်ရှိခဲ့သည်ဟု ကမ္ဘာ့ရွှေကောင်စီ (WGC) က အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်အတွင်း စုစုပေါင်းရွှေဝယ်လိုအားသည် ၆၃ ဒသမ ၈ တန်ရှိကြောင်း WGC ၏ ၂၀၂၁ခုနှစ် ဒုတိယသုံးလပတ် ရွှေဝယ်လိုအားလားရာအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ် ဝယ်လိုအားသည် ၂၀၂၀ ပြည့်နှစ် ဒုတိယသုံးလပတ်၏ အနိမ့်ဆုံးအဆင့် ဝယ်ယူမှုနှင့် နှိုင်းယှဉ်ပါက ၁၉ ဒသမ ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း ဒုတိယသုံးလပတ်တွင် အရှယ်ယာထရီတိရာ နွေဦးပွဲတော်နှင့် မင်္ဂလာဆောင်ရာသီကြောင့် ဝယ်လိုအားကို ကြီးမားစွာ အကျိုးသက်ရောက်စေခဲ့ကြောင်း အိန္ဒိယဆိုင်ရာ ကမ္ဘာ့ရွှေကောင်စီ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ပီအာက PTI သို့ ပြောကြားခဲ့သည်။

ဧပြီလမှ ဇွန်လအထိ ပထမသုံးလပတ်အတွင်း အိန္ဒိယ၏ ရွှေဝယ်လိုအားသည် တန်ဖိုးအားဖြင့် ရူပီးငွေ ၃၂၈ ဘီလီယံဖြင့် ၂၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ် ယင်းကာလတွင် ရူပီး ၂၆၆ ဘီလီယံသာရှိသည်။

သို့သော် အိန္ဒိယတွင် ကိုဗစ်-၁၉ ဒုတိယလှိုင်းရိုက်ခတ်မှုကြောင့် သုံးလပတ်အလိုက် ဝယ်လိုအားသည် ၄၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

"ပထမနှစ်ဝက်တွင် ဝယ်လိုအားသည် စုစုပေါင်းတန်ချိန် ၁၅၇ ဒသမ ၆ တန်ရှိပြီး၊ ယင်းသည် ၂၀၁၉ခုနှစ်ကထက် ၄၆ ရာခိုင်နှုန်းလျော့နည်းကာ ၂၀၁၅ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ပထမနှစ်ဝက်များ၏ ပျမ်းမျှထက် ၃၉ ရာခိုင်နှုန်းနည်းပါးသည်" ဟု WGC ၏ အချက်အလက်များတွင် ဖော်ပြထားသည်။

“ ၂၀၂၁ ပြည့်နှစ် ဒုတိယသုံးလပတ်တွင် ကိုဗစ်ကူးစက်မှုများမြင့်တက်လာပြီးနောက် ဒေသတွင်း ကျယ်ကျယ်ပြန့်ပြန့်ပိတ်ဆို့မှုများပြုလုပ်ခဲ့သည်။

"၂၀၂၀ပြည့်နှစ်တွင် တစ်နိုင်ငံလုံးပိတ်ဆို့မှုကြောင့် စီးပွားရေးလုပ်ငန်းများ အမှတ်မထင်ဖြစ်သွားခဲ့သော်လည်း ယခုသုံးလပတ် တွင် စီးပွားရေးလုပ်ငန်းများပိုမိုပြင်ဆင်ချိန်ရသဖြင့် နှိုင်းယှဉ်ခြင်းအားဖြင့် အခြေအနေ ပိုကောင်းလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly