ဝိုင်းမော်တိုက်ပွဲ စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် လူနေအိမ်များပျက်စီး

ဝိုင်းမော်တိုက်ပွဲ စစ်ကောင်စီတပ်လက်နက်ကြီးကြောင့် လူနေအိမ်များပျက်စီး

ဩဂုတ် ၄

ဝိုင်းမော်တွင် ယမန်နေ့ညက နာရီပေါင်းများစွာကြာဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးခဲ့ရသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် ဒေသခံများမွေးမြူထားသော ဝက်များလည်းထိခိုက်သေဆုံးသည်ကိုလည်း ဝိုင်းမော်မြို့ခံများက လူမှုကွန်ရက်တွင်ထုတ်ဖော်ကြသည်။ 

ကချင်ပြည်နယ် ဝိုင်းမော်မှာ အထိုင်ချတပ်စွဲထားသော နယ်မြေခံ ခြေလျင်တပ်ရင်း (၅၈) ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ည ၇ နာရီမှသည် သန်းခေါင်ယံကျော်ချိန်အထိ တိုက်ခိုက်ခဲ့သည်။ 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်သည်တင်ကား သုံးစီးစေလွှတ်ပြီး ရဟတ်ယာဉ်များပါထုတ်သုံးခဲ့သည်အထိ  ပြင်းထန်ခဲ့သည်။ 

လူထိခိုက်သေဆုံးမှုကိုတော့ စုံစမ်းနေဆဲဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly