ဝိုင်းမော်တွင် တိုက်ပွဲဖြစ်

ဝိုင်းမော်တွင် တိုက်ပွဲဖြစ်

ဩဂုတ် ၃

ဝိုင်းမော်တွင် ယခုရက်ပိုင်း မကြာခဏ တိုက်ပွဲဖြစ်နေပြီး ယနေ့ညတွင်လည်း ည၇ နာရီခန့်ကစ၍ တိုက်ပွဲ အပြင်းအထန်ဖြစ်နေသည်ဟု ဒေသခံများကပြောသည်။

KIA နှင့် PDF ပူးပေါင်းအဖွဲ့က ဝိုင်းမော်မြို့ ရှိ စစ်ကောင်စီ၏ ခလရ (၅၈)ကို လာရောက်ပစ်ခတ်ရာမှ စစ်ကောင်စီက လက်နက်ကြီးဖြစ် ပြန်ပစ်နေသည်ဟု ဒေသခံများကပြောသည်။

" လက်နက်ကြီးသံ အချက် ၄၀ ကျော်ပြီ။ အိမ်တွေတောင်တုန်တယ်" ဟု ယနေ့ည ၈ နာရီ ၃၀ မိနစ်အခြေအနေကို ဝိုင်းမော်မြို့ရပ်ကွက်(၁)တွင် နေထိုင်သူတစ်ဦးကပြောသည်။ 

ဝိုင်းမော်ဒေသ တိုက်ပွဲများသည် KIA ကPDF လူငယ်များအား ဦးဆောင်ကာ စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေခြင်းဟု ဒေသတွင်း သတင်းရင်းမြစ်များကပြောသည်။ 

" ကျွန်တော် ဒီမှာ ၁၉၉၀ ကတည်းကနေလာတာ။ တပ်စခန်းကို သွားပစ်တယ်ဆိုတာ မရှိဘူး။ အခုကတော့ ရဲရဲတင်းတင်းကို ချနေကြတာ" ဟု ဒေသခံတစ်ဦးကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly