မြစ်ကြီးနားနှင့် ဝိုင်းမော်တွင် လက်နက်ကြီးငယ်သံများ အဆက်မပြတ်ထွက်ပေါ်

By မဇ္ဈိမ
03 August 2021
မြစ်ကြီးနားနှင့် ဝိုင်းမော်တွင် လက်နက်ကြီးငယ်သံများ အဆက်မပြတ်ထွက်ပေါ်

ဩဂုတ် ၃

မြစ်ကြီးနားမြို့နှင့် ဝိုင်းမော်မြို့အတွင်း တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးငယ်အသံများ တခြိမ်းခြိမ်းထွက်ပေါ်နေသည်ဟု ဒေသခံများကပြောသည်။

ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များက စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြောက် ကျားတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကာ ည ၇ နာရီကျော်လောက်ကတည်းက မြစ်ကြီးနားမြို့တွင်းမှာတော့ ပေါက်ကွဲသံများ ထွက်ပေါ်နေသည့်အပြင် ဝိုင်းမော်မြို့၊မဒိန့်ကျေးရွာနားက စစ်ကောင်စီခြေလျင်တပ်ရင်း (၅၈)အနီးတစ်ဝိုက်လက်နက်ကြီးသံများ အဆက်မပြတ်ကြားနေရသည်ဟု သိရသည်။

အဆိုပါ (၅၈) တပ်ရင်းကို KIA က  သြဂုတ်လ ၁ရက်နေ့ကတည်း စတင် တိုက်ခိုက်နေတာဖြစ်ပြီး၊ ယင်းစစ်ကောင်စီတပ်ရင်းမှ စခန်းကင်းမှူး နှစ်ဦးသေဆုံးပြီး  ၃၀ ဦးခန့်ဒဏ်ရာရရှိသည့်အပြင် ခဲ  ယမ်းလက်နက်တချို့ကို KIA က သိမ်းယူသွားခဲ့သည်။

ထိုတပ်ရင်း (၅၈) ကိုပင် KIA က ယနေ့ နံနက် ၂ နာရီကျော်လောက်အထိ  တစ်ခါထပ်မံတိုက်ခိုက်ခဲ့ပြီး ယခုညမှာလည်း တိုက်စစ်ဆင်နေခြင်းဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly