သေဆုံးသူ တိုးလာတဲ့ တူရကီတောမီး ငြှိမ်းသတ်ရေးအတွက် အီးယူက အကူအညီ ပေး 

သေဆုံးသူ တိုးလာတဲ့ တူရကီတောမီး ငြှိမ်းသတ်ရေးအတွက် အီးယူက အကူအညီ ပေး 
Photo - AFP

ဩဂုတ် ၃ 

တူရကီနိုင်ငံမှာ သေဆုံးသူ ရှစ်ဦးအထိ တိုးလာခဲ့ပြီး သမ္မတ တေယစ်အာဒိုဂန်အပေါ်ပါ ဖိစီးမှုတွေ ကျရောက်နေတဲ့ သီတင်းပတ်ကြာ ဆိုးဆိုးဝါးဝါး လောင်ကျွမ်းနေတဲ့ တောမီးကို ငြှိမ်းသတ်နေကြရတဲ့ မီးသတ်သမားတွေဆီ ဥရောပသမဂ္ဂ အီးယူက တနင်္လာနေ့မှာ အကူအညီတွေ ပေးပို့ပြီး စေတနာ့ဝန်ထမ်းတွေကပါ ပါဝင်ငြှိမ်းသတ်နေကြပါတယ်။ 

ဂရိတာဝန်ရှိသူတွေကြောင့် ရာသီဥတုပြောင်းလဲမှုကြောင့်လို့ အပြစ်ဆိုထားတဲ့ ဥရောပ အရှေ့တောင်ပိုင်းတစ်ခွင်ကို မီးဘေးခစေတဲ့ အလွန်ပြင်းထန်တဲ့ အပူလှိုင်းကျရောက်မှုကနေ ဆယ်စုနှစ်များစွာအတွင်း လူသေဆုံးမှုအများဆုံး တောမီးလောင်ကျွမ်းမှုကို တူရကီနိုင်ငံအနေနဲ့ ရင်ဆိုင်ဖြေရှင်းနေရတာပါ။ 

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကစတင်တဲ့ မီးလောင်ကျွမ်းမှုဟာ တူရကီက စိမ်းလန်းတဲ့ သစ်တော ဧရိယာ တော်တော်များများကို ဖျက်ဆီးဝါးမြိုပြီး ပင်လယ်ကမ်းခြေ ဟိုတယ်တွေမှာ တည်းခိုနေကြတဲ့ ကမ္ဘာ့လှည့်ခရီးသွားတွေကိုလည်း ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ 

ဒါပေမဲ့ အုပ်ချုပ်ရေးအာဏာကို သက်တမ်းတိုးနိုင်မယ့် နှစ်နှစ်အတွင်း ရွေးကောက်ပွဲတစ်ရပ်ကို ရင်ဆိုင်နေရတဲ့ သမ္မတ အာဒိုဂန်အတွက်တော့ အပြင်ပန်းကြည့်ရင် နှေးကွေးလေးလံပြီး အုပ်အုပ်စီးစီး မလုပ်ဆောင်တဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး ဝေဖန်မှုသစ်တွေ ပေါ်ပေါက်လာခဲ့ပါတယ်။ 

အဆိုးဆုံး မီးဘေးသင့်ရာ ဒေသတွေဆီ ရဲအစောင့်အကြပ် ထူထပ်သွားနဲ့ သွားရာမှာ အာဒိုဂန်ဟာ ပြည်သူတွေကို လက်ဖက်ခြောက်အိတ်တွေ ပစ်ပြီး ပေးခဲ့တာနဲ့ ပတ်သက်လို့လည်း ပြင်းပြင်းထန်ထန်ကို ဝေဖန်ရှုတ်ချခံနေရတာပါ။ 

မီးငြှိမ်းသတ်ရေးမှာ မီးသတ်လေယာဉ်တွေ မရှိဘူးဆိုတဲ့ အစိုးရရဲ့ ထုတ်ဖော်ပြောဆိုချက်ကြောင့် လူမှုမီဒီယာပေါ်နဲ့ အတိုက်အခံခေါင်းဆောင်တွေကြား မခံမရပ်နိုင် ဒေါသထွက်ကြရပါတယ်။ 

နိုင်ငံခြားရေးဝန်ကြီးဖြစ်သူ မီဗလု ချာဗုချိုလိုက ခရိုအေးရှားမှ ရေဖျန်းလေယာဉ်တစ်စင်းနဲ့ စပိန်မှ နှစ်စင်း ပေးပို့တာအတွက် အီးယူကို ကျေးဇူးတင်ရှိကြောင်း တနင်္လာနေ့မှာ ပြောပါတယ်။ 

“ဒီ အရမ်း ခက်ခဲတဲ့အချိန်မှာ တူရကီနဲ့အတူ အပြည့်အဝ တစ်သားတည်း ရပ်တည်နေပါတယ်”လို့ အီးယူက ပြောခဲ့ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly