ဝါရင့် ဟာသသရုပ်ဆောင်  ဦးစံမတူ ကွယ်လွန် 

ဝါရင့် ဟာသသရုပ်ဆောင်  ဦးစံမတူ ကွယ်လွန် 

ဩဂုတ် ၃

မြန်မာ့ရုပ်ရှင်လောက ရဲ့ ထင်ရှားတဲ့ အနုပညာရှင် တဦးလည်းဖြစ် ၀ါရင့်ဟာသ သရုပ်ဆောင် ဦးစံမတူ ဟာ ဒီကနေ့ သြဂုတ်လ ၃ ရက်နေ့ နံနက် ၆နာရီခွဲအချိန့် ခန့် က ကွယ်လွန်သွားခဲ့ပါတယ်။

ရန်ကုန်မြို့ ရွှေဂုံတိုင်မှာ နေထိုင်တဲ့ လူပျိုကြီး ဦးစံမတူဟာ  အသက် ၉၀ အရွယ်မှာ လူကြီး ရောဂါ ဖြစ်ကွယ်လွန် သွားကြောင်း ရုပ်ရှင်အသိုင်းအဝိုင်းက သိရပါတယ်။

ဦးစံမတူ ကွယ်လွန်သွားခြင်းအတွက် ဝမ်းနည်းကြောင်း အနုပညာရှင်တွေကလည်း ၎င်းတို့ရဲ့ လူမူကွန်ရက် စာမျက်နှာမှာ ရေးသားထားကြပါတယ်။

၁၉၃၂ ခုနှစ်ဖွား ဦးမြင့်သိန်း (ခ) ဦးစံမတူဟာ အသက် ၁၆ နှစ်အရွယ်မှာ မြဒဂုံဇတ်ပွဲမှာ တဆင့် လူရွှင်တော်အဖြစ် စတင် ကပြဖျော်ဖြေခဲ့ပါတယ်။

နာမည်ကျော်ဒါရိုက်တာများဖြစ်ကြတဲ့  ဒါရိုက်တာထပ်ဆင့်အကယ်ဒမီ ဆရာကြီး ဦးသုခ ၊ ဦးဝင်းဦးတို့နဲ့ ရုပ်ရှင်ဇတ်ကားတွေ စတင်ရိုက်ကူးခဲ့သူဖြစ်ပြီးတော့ ဇတ်ကားပေါင်း ၂၀၀ ဝန်းကျင်ခန့် ရိုက်ကူးခဲ့ကြောင်း သိရပါတယ်။

ဦးစံမတူ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ထင်ရှားတဲ့ ရုပ်ရှင်ဇတ်ကားတွေကတော့ သြော်မိန်းမ၊ ချစ်သူရွေးမယ် ချစ်ဝဲလည်၊  ရဟန်းစားရသော ဆွမ်းတနပ် နဲ့ ဃောသကသူဌေးသားအကြောင်း စတဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly