အာရှနိုင်ငံတချို့က ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ 

03 August 2021
အာရှနိုင်ငံတချို့က ဗိုင်းရပ်စ်ကူးစက်မှုအခြေအနေ 

ကိုဗစ်ကူးစက်မှုတွေက အာရှနိုင်ငံတော်တော်များများမှာ ရင်ဆိုင်နေကြရဆဲဖြစ်ပါတယ်၊ မလေးရှားနိုင်ငံမှာ ကိုဗစ်ကူးစက်မှုတွေက နေ့စဉ်သောင်းဂဏန်းချီပြီးရှိနေတာကြောင့် ဒီအခြေအနေတွေကိုထိမ်းချုပ်နိုင်ဖို့ မလေးရှားအစိုးရက ကြိုးပမ်းနေပါတယ်။ ဒါကြောင့် ကူးစက်မှုများတဲ့ စက်ရုံတွေရှိတဲ့နေရောတွေမှာ ကာကွယ်ဆေးထိုးစင်တာတွေ ဖွင့်လှစ်ပေးထားပါတယ်၊ သြဂုတ်လ (၁) ရက်နေ့ကစပြီး မလေးနိုင်ငံသားတွေရော၊ နိုင်ငံခြားသားအလုက်သမားတွေအတွက်ပါ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စင်တာတွေ တိုးချဲဖွင့်လှစ်လိုက်တာကြောင့် မလေးမှာရောက်နေတဲ့ မြန်မာနိုင်ငံသားရွှေ့ပြောင်းအလုပ်သမားတော်တော်များများကာကွယ်ဆေးထိုးနိုင်ပြီလို့ အလုပ်သမားတွေကို အကူအညီပေးနေတဲ့ အဖွဲ့အစည်းတွေကပြောပါတယ်။  မလေးရှားနိုင်ငံမှာ တရာဝင်ရောတရားမဝင်ပါ မြန်မာနိုင်ငံသား(၅) သိန်းထက်မနည်း အလုပ်လုပ်ကိုင်နေကြတာပါ။ အခုအချိန်မှာတော့ မြန်မာအလုပ်သမား သောင်းဂဏန်းလောက်ကို ကိုဗစ်ကာကွယ်ဆေးထိုးပေးပြီးဖြစ်ပါတယ်၊ 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly