အမေရိကန်ပါတီ နှစ်ခုစလုံးမှ အမတ်များပါဝင်သည့်အဖွဲ့က တရုတ်အစိုးရ၏ ဝီဂါတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြားနာမည်

အမေရိကန်ပါတီ နှစ်ခုစလုံးမှ အမတ်များပါဝင်သည့်အဖွဲ့က တရုတ်အစိုးရ၏ ဝီဂါတို့အပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကြားနာမည်

ဝီဂါလူမျိုးများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများအတွက် တရုတ်ကွန်မြူနစ်ပါတီက တာဝန်ယူစေရန် အမေရိကန်အောက်လွှတ်တောရှိ ပါတီနှစ်ခုစလုံးမှ အမတ်များပါဝင်သည့်အဖွဲ့က ကွန်ဂရက်လွှတ်တော် ၏ ဝီဂါကိစ္စရပ်များဆိုင်ရာကြားနာမှု ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။

နယူးယောက်မှဒီမိုကရက်တစ်ကိုယ်စားလှယ် တွန်ဆော့ဇီနှင့် နယူးဂျာဆီမှ ရီပတ်ဘလစ်ကန်ကိုယ်စားလှယ် ခရစ်စမစ်တို့က ယင်းကြားနာမှု၏ ရည်ရွယ်ချက်သည် ၂၁ ရာစု၏ အကြီးမားဆုံး ပေါင်းစုထားသည့် လူ့အခွင့်အရေးအလွဲသုံးမှုကို ဖြေရှင်းရန်ရည်ရွယ်ထားသည့် ဥပဒေများကို ထောက်ခံရန်ဖြစ်ကြောင်း ယင်းအုပ်စုက ပြောကြားခဲ့သည်။

ယင်း ကြားနာမှုအစည်းအဝေးအကြောင်း သတင်းကို Axiosမှ ပထမဆုံးဖော်ပြခဲ့သည်။

“ အတင်းအဓမ္မလုပ်အားပေးခိုင်းပြီး ထုတ်လုပ်ထားတဲ့ တရုတ်ပစ္စည်းတွေကို ခင်ဗျားဝယ်ရင် ဈေးပိုသက်သာပါတယ်” ဟု ဆော့ဇီက ပြောကြားခဲ့သည်။ ‘ဒီတော့ လူတွေက ပြောကြမှာပေါ့ “ အိုး၊ ဘုရားသခင်၊ ငါတို့ ရှင်းကျန်နဲ့ စီးပွားရေးမလုပ်ရင် ထုတ်ကုန်တွေ ဈေးတက်ကုန်မှာပေါ့” လို့ ပြောလိမ့်မယ်’

“ အင်း၊ ဒါက သေမလောက် ဆိုးပါတယ်၊ ဒါက လူတိုင်းရဲ့ သိစိတ်ကို ထိတ်လန့်စေပါလိမ့်မယ် " သူက ထပ်လောင်း ပြောဆိုသည်။

ဝီဂါလူမျိုးများနှင့် အခြား မွတ်စလင်လူနည်းစုများအား ထိန်းသိမ်းထားခြင်းကို ကြီးလေးသောရာဇဝတ်မှုများ ဟု ကြေညာချက်တွင် စမစ်က သတ်မှတ်ခဲ့သည်။

“ တရုတ်သမ္မတ ရှီကျင့်ဖျင်က နှိပ်စက်ညှဉ်းပန်းပြီး လူထုတစ်ရပ်လုံးကို ချေမှုန်းဖို့ ကြိုးစားနေတာကို အမေရိကန်က တိတ်ဆိတ်မနေနိုင်ပါဘူး” ဟု သူက ဆိုသည်။

“ အဖိနှိပ်ခံများ၏ စည်းလုံးညီညွတ်စွာဖြင့် ဝီဂါကြားနာမှုသည် ရှင်ကျန်းပြည်နယ်ဝီဂါ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဒေသတွင် ကွန်မြူနစ်တရုတ်အစိုးရ၏ ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို အာရုံစိုက်ပြီးကမ္ဘာ့အဆိုးရွားဆုံး လူ့အခွင့်အရေး ကြေကွဲစရာများထဲမှ တစ်ခုအား အဆုံးသတ်ရန် လုပ်ဆောင်မည်ဖြစ်သည်။ ”

အဓမ္မလုပ်အားပေးခိုင်းစေမှုအပြင် တရုတ်အစိုးရက ဝီဂါမွတ်ဆလင် ၁ သန်းခန့်ကို ကျွန်ပြု၍ မုဒိမ်းကျင့်ခြင်း၊ ဖိအားပေး သားကြောဖြတ်စေခြင်းနှင့် အခြားရက်စက်ကြမ်းကြုတ်မှုများပြုလုပ်ခဲ့သည်။

ဝီဂါလှုပ်ရှားမှု၏ အမှုဆောင်ဒါရိုက်တာ ရူဆမ်အဘားစ်က ယင်းကြားနာမှုပြုလုပ်မည်ကို ချီးမွမ်းလိုက်ပြီး “ ဒီရက်စက်မှုတွေ၊ ဒီလူမျိုးတုံးသတ်ဖြတ်မှုတွေ၊ ဆိုးရွားမှုနဲ့ ထပ်တူညီတဲ့ တုံ့ပြန်မှုလိုအပ်တယ်” ဟု ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required