တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိနှိပ်မှုကြောင့် တရုတ်ပြည်သူ ၅ သိန်းခန့် နိုင်ငံမှ စွန့်ခွာထွက်ပြေး

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိနှိပ်မှုကြောင့် တရုတ်ပြည်သူ ၅ သိန်းခန့် နိုင်ငံမှ စွန့်ခွာထွက်ပြေး

တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ရက်စက်စွာ ဖိနှိပ်မှုကြောင့် ပြည်သူ ၅ သိန်းခန့် နိုင်ငံတွင်းမှ ထွက်ခွာသွားခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး(UNHCR) ၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

၂၀၁၂ ခုနှစ် သမ္မတ ရှီကျင်ဖျင်အာဏာရလာကတည်းက တရုတ်နိုင်ငံသား ၆၁၃၀ဝဝ သည် ခိုလှုံခွင့် လျှောက်ထားခဲ့သည်ဟု UNHCR ၏ နောက်ဆုံးပြုစုထားသည့် အချက်အလက်များတွင် ပါရှိသည်။

တကယ်လို့ အစိုးရအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေတယ်လို့ သတ်မှတ်ခံရရင် သူနောက်ကို လိုက်တော့မည်ဟု တရုတ်လူမျိုးများက စိုးရိမ်ကြောက်ရွံ့ကြကြောင်းကို အိန္ဒိယအခြေစိုက် WION သတင်းဌာနမှ ပယ်လ်ကီရှာမားက ပြောကြားခဲ့သည်။

“တရုတ်လူမျိုးတွေက တိုင်းပြည်က ထွက်ပြေးနေကြရတယ်” ဟုလည်း သူမက ပြောဆိုသည်။

"သူတို့က ဒီမိုကရေစီနိုင်ငံတွေမှာ ခိုလှုံခွင့်ရှာနေကြပါတယ်။ ရှီကျင့်ဖျင်အာဏာရလာကထဲက တရုတ်နိုင်ငံသား ၆၀ဝဝဝဝ ကျော်ရှိပါတယ်။ ဒါက များပြားလှတဲ့ အစုလိုက်အပြုံလိုက် ထွက်ခွာမှုပါပဲ” “ရှီကျင့်ဖျင်အာဏာရပြီးကထဲက တရုတ်ကနေ နှစ်စဉ်ခိုလှုံခွင့်တောင်းခံသူဦးရေဟာ ခြောက်ဆကျော် မြင့်တက်လာခဲ့ပါတယ်။”

“ ရှီကျင့်ဖျင်က တရုတ်ကို တင်းတင်းကြပ်ကြပ် အုပ်ချုပ်နေတာပါ”

“ တရုတ်အစိုးရက ပညာပေးစခန်းတွေလိုဆိုတဲ့ အကျဉ်းထောင်တွေမှာ ဝီဂါမွတ်စလင် အနည်းဆုံး တစ်သန်း အစုလိုက်အပြုံလိုက် ထိန်းသိမ်းခံထားရပါတယ်”

ဘီလီယံနာသူဌေးများ အပါအဝင် မည်သူမျှ အစိုးရ၏ ဖမ်းဆီးမှုကနေ မလွတ်မြောက်နိုင်ကြောင်း WION မှ သတင်းဖော်ပြခဲ့သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကပိုင်စိုက်ပျိုးရေးလုပ်ငန်းကြီးကို လုပ်ကိုင်နေသည့် ဆန်းဒါဝူကို ထောင်ဒဏ် ၁၈ နှစ်ချမှတ်ပြီးနောက် ယခုသတင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

ဆန်းဒါဝူသည် အစိုးရအား ပွင့်လင်းစွာ ဝေဖန်ခြင်းကြောင့် ဖမ်းဆီးခံရသည့် လုပ်ငန်းရှင်သူဌေးများ အနက်မှ နောက်ဆုံးတစ်ဦးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly