တရုတ်နိုင်ငံတော်သီချင်းအား လှောင်ပြောင်ခဲ့သည့် ဟောင်ကောင်ပြည်သူများကို ရဲတပ်ဖွဲ့ စုံစမ်း

တရုတ်နိုင်ငံတော်သီချင်းအား လှောင်ပြောင်ခဲ့သည့် ဟောင်ကောင်ပြည်သူများကို ရဲတပ်ဖွဲ့ စုံစမ်း

အိုလံပစ်ပွဲတော်အား ဗီွဒီယိုမှ ကြည့်ရှုသူ လူအုပ်ကြီးက တရုတ်နိုင်ငံတော်သီချင်းအား လှောင်ပြောင်သည့် ဖြစ်ရပ်တစ်ခုကို ဟောင်ကောင်ရဲများက စုံစမ်းစစ်ဆေးလျှက်ရှိသည်။

အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးခဲ့သော ဟောင်ကောင် ဓားသမား အဂ္ဂါချန်၏ ပြိုင်ပွဲဝင်မှု ထုတ်လွှင့်ချက်ကို အားပေးကြည့်ရှုရန် ရာနှင့်ချီသောသူများသည် ဇူလိုင်လ ၃၀ရက်က ကုန်တိုက် တစ်ခုတွင် စုဝေးခဲ့ကြသည်။

တရုတ်နိုင်ငံတော်သီချင်းဖွင့်ချိန်တွင် လူအုပ်ထဲမှ အချို့က လှောင်ပြောင်သရော်ကြပြီး အချို့က "ငါတို့က ဟောင်ကောင်ကွ" ဟု အော်ဟစ်ခဲ့ကြသည်။

မကြာသေးမီကပြဌာန်းထားသော ဥပဒေအရ နိုင်ငံတော်သီချင်းကို စော်ကားခြင်းသည် ဥပဒေချိုး ဖောက်ရာရောက်သည်။

နိုင်ငံတော်သီချင်းဥပဒေကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားသူ မည်သူမဆို ထောင်ဒဏ် ၃နှစ်အထိ နှင့် ဟောင်ကောင် ဒေါ်လာ ၅၀ဝဝဝ (ပေါင် ၄၆၀ဝ၊ ဒေါ်လာ ၆၄၀ဝ) ဒဏ်ငွေ ချမှတ်မည်ဖြစ်သည်။

သတင်းများအရ ဗြိတိန်လိုနီအလံကို လွှင့်ထူခဲ့ပြီး အချို့ကဆန္ဒပြကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသဖြင့် ခွဲထွက်ရေး လှုံ့ဆော်မှုများကို တားမြစ်ထားသည့် အမျိုးသားလုံခြုံရေး ဥပဒေကို ချိုးဖောက်ရာရောက်သဖြင့် ထောင်ဒဏ်တစ်သက်ကျခံရနိုင်သည်။

ကုန်တိုက်လုံခြုံရေးကင်မရာမှ ဗီဒီယိုဖိုင်ကို စုဆောင်းစစ်ဆေးနေကြောင်း ရဲသတင်းရင်းမြစ်များက ဒေသခံ မီဒီယာများကို ပြောကြားခဲ့သည်။

အမျိုးသားလုံခြုံရေးဥပဒေအရ ပထမဆုံးစွဲချက်တင်ခံရသူ တစ်ဦးကိုလည်း ယခုအခါ တရားစွဲဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required