လူထုဆန္ဒမဲကိုလုယက်၊ လူငယ်တွေကို သတ်၊ လူကြီးတွေကို သေစေသူ မင်းအောင်လှိုင် (ဆောင်းပါး)

02 August 2021
လူထုဆန္ဒမဲကိုလုယက်၊ လူငယ်တွေကို သတ်၊ လူကြီးတွေကို သေစေသူ မင်းအောင်လှိုင် (ဆောင်းပါး)

ချစ်စွာသော သူတို့ အသက်ရှူမရပဲ ရှည်လျားသည့် နေ့ညများကို ဖြတ်သန်းနေရ၊ တိတ်ဆိတ်ထွက်ခွါသွားကြသည်ကိုကြည့်၍ ရင်နင့်နေအောင် ခံစားရသော အတွေ့အကြုံမှာ ပြည်သူတိုင်းအတွက် ပြင်းထန် နာကျင်လှပါသည်။တိုင်းပြည် ထိုအခြေအနေရောက်အောင် အတင်းအကျပ် အလုပ် ခံခဲ့ရခြင်းဖြစ်ပါသည်။ ဘယ်တော့မှ ခွင့်လွှတ်လိမ့်မည်မဟုတ်၊ ဘယ်တော့မှ မေ့ပျောက်လိမ့်မည် မဟုတ်ပါ။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် ပြည်သူကြားမှ ထိုမျှ ပြင်းထန်ကြီးမားသည့် စိတ်ဒဏ်ရာ အနာကြောင့် အာဏာချုပ်ကိုင် စီမံအုပ်ချုပ်နိုင်သည့် အခြေအနေသို့ မအလ ရောက်စရာ အကြောင်းမရှိပါ။ မအလအောင်ပွဲခံချိန်ကို လောင်းကြေးထပ်၍ ထိုင်စောင့်နေသည်မှာ အာဆီယံ၊ တရုတ်၊ အန္ဒိယ နှင့် ဒေသတွင်းနိုင်ငံများအနေနှင့် မှားယွင်းသည့် ရွေးချယ်မှုဖြစ်ပါသည်။ မင်းအောင်လှိုင် သည် အရှုံးသမားသာ ဖြစ်သည်ကိုသိပါ။လူ ၅၄ သန်း၏ ဘေးဒုက္ခကို ရပ်တန့်၍ ဘေးနိုင်ငံကြီးများကိုလည်း လုံခြုံရေး စိန်ခေါ်မှု မဖြစ်အောင် လုပ်နိုင်သည့်အရှင်းဆုံးနည်းမှာ မအလ နှင့် သူ့အပေါင်းပါများကို ဖယ်ရှားသည့် နည်းဖြစ်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly