Myaing-PDF  ခေါင်းဆောင်တစ်ဦး ဗဟင်းရွာတိုက်ပွဲမှာကျဆုံး

Myaing-PDF  ခေါင်းဆောင်တစ်ဦး ဗဟင်းရွာတိုက်ပွဲမှာကျဆုံး

ဩဂုတ် ၂

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ဗဟင်းကျေးရွာတိုက်ပွဲမှာ Myaing-PDF ခေါင်းဆောင်တစ်ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရကြောင်း ဩဂုတ် ၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဗဟင်းရွာမှာ သြဂုတ် ၁ ရက်နေ့က Myaing-PDF နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

Myaing-PDF ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုဖိုးဌေး ကျဆုံးခဲ့ရကြောင်းကို “ လူသတ်အကြမ်းဖက်စစ်ကောင်စီကို တွန်းလှန်ရင်း Myaing-PDF ခေါင်းဆောင်ကြီး မနေ့က ညနေပိုင်းမှာ ကျဆုံးသွားခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းဆောင်ကြီး ကောင်းရာဘုံဘ၀မှာ အေးချမ်းစွာ အနားယူပါတော့” ဆိုပြီး Myaing-PDF ကလည်းထုတ်ပြန်ရေးသားခဲ့ပါတယ်။

အဲဒီတိုက်ပွဲအတွင်း ဗဟင်းစခန်းမှူး သေးဆုံးကာ ရဲတပ်သား ၃ ယောက်လည်း ဒဏ်ရာရရှိသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် အတည်မပြုနိုင်သေးပါဘူး။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly