နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁ ဩဂုတ် ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၁ ဩဂုတ် ၂၀၂၁)
ပုံ - ဩဂုတ်လ ၁ ရက်၊ မန္တလေးမြို့ မြတောင် ဒေသခံပြည်သူများ၏ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း(Photo - CJ)

 ရန်ကုန်တိုင်းဒေသကြီး

·       ရန်ကုန်တိုင်း၊ မရမ်းကုန်း ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး သြဂုတ်လ ၁ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဗုံးပေါက်ကွဲပြီ အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်အပါအဝင် သုံးဦး ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

·       ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်၊ ဗဟိုလမ်းမ၊ BRBမှတ်တိုင်အနီးနှင့် သုစိတ္တာရုံကျောင်းတိုက် နားတဝိုက်တွင် ဗုံးဟုယူဆရသည့်အထုပ်တွေ့၍ ကားလမ်း ပိတ်ထားပြီး ရှာဖွေမှု ပြုလုပ်ခဲ့သည်။

·       ရန်ကုန်မြို့ တောင်ဒဂုံ လူငယ်များမှ အကြမ်းဖက်စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ပြုလုပ်ခဲ့သည်။

·       လှိုင်သာယာမြို့နယ် အမှတ်(၁၀)ရပ်ကွက်နှင့် ရွှေလင်ပန်း (၂၃)ရပ်ကွက်မှ mytel tower တိုင် နှစ်ခု ယ‌နေ့မနက်က ဖောက်ခွဲခံရကြောင်း သိရသည်။

·       မြောက်ဒဂုံမြို့နယ်အတွင်းရှိ နွားခြံများမှ နွားနို့များအားလုံး အကြမ်းဖက်စစ်တပ်မှ မတရားသိမ်းဆည်း ယူသွားကြောင်း သိရသည်။

·       လှိုင်သာယာမြို့နယ် အခြေခံပညာ ကျောင်းသားများသမဂ္ဂက ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၃၁ ရက်နေ့တွင် လှိုင်သာယာမြို့နယ်အတွင်းရှိ အလံဖြူအလံဝါထောင်ထားသည့် အိမ်ထောင်စု တစ်စုလျှင် ငွေကျပ် ၂ဝဝဝဝ နှုန်း လှူဒါန်းခဲ့ကြောင်း သိရသည်။

·       ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်ရပ်ကွက်တစ်ခုတွင် သြဂုတ်လ ၁ ရက် နံနက်က သာကေတလူငယ်များမှ ပြည်သူမှ ပြည်သူသို့ ခေါင်းစဉ်ဖြင့် ဆန်နှင့် အခြားစားသောက်ကုန်များကို သွားရောက်ဝေငှပေးကြသည်။

·       ရန်ကုန်ရွှေပြည်သာတွင် ဝန်ထမ်းပေါင်းစု သပိတ်စစ်ကြောင်းက စစ်တပ်ထုတ်ကုန် အသုံးမပြုရေးနှင့် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ယနေ့ ဩဂုတ်လ ၁ ရက်နေ့ အိမ်တွင်း သပိတ်ဆင်နွှဲကြသည်။

·       ရန်ကုန်မြို့ထဲက လမ်းတချို့ကို စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ယနေ့ (၃)နာရီဝန်းကျင်ခန့်က စတင်ပြီး ပိတ်ထားကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး

·       မန္တလေးမြတောင် သပိတ်စစ်ကြောင်းက လူငယ်တစ်ဦးကို  ဇူလိုင်လ ၃၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်က ပစ်သတ်ခဲ့ပြီးနောက် စစ်ကောင်စီ အနေဖြင့် တူညီသော ဝဋ်ကြွေးများ အချိန်တိုအတွင်း ပြန်လည်လာမည်ဟု ပြည်ကြီးတံခွန် ဆရာတော်က အသံမတိတ်အလံမလိပ် ပြည်/ခွန် ညသပိတ်တွင် မိန့်ကြားခဲ့သည်။

·       မန္တလေးတွင် အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး အောင်မြေသာစံ ပညာရေးကျောင်းပေါင်းစုံစစ်ကြောင်း ဦးဆောင်ကာ  ဇူလိုင်လ ၃၁ ရက်နေ့က ညသပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       " မနက်ဖြန်ဆို စစ်အာဏာသိမ်းတာ ၆ လပြည့်ပြီး နိုင်ငံတော်ကို ဖျက်ဆီးလို့ မဝသေးဘူးလား" ဆိုင်းဘုတ်များ ကိုင်ဆောင်၍ သံဃသမဂ္ဂ ဆရာတော်သံဃာတော်များမှ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကို ဇူလိုင်လ ၃၁ ရက်တွင် ဆန့်ကျင်ဆန္ဒပြပြီး ကိုယ့်အိမ်ပေါက်ကိုယ်မပိုင်သော ပြည်သူများအ တွက် မေတ္တသုတ်၊ မောရသုတ်၊ ပရိတ်တရားတော်များ ညသပိတ်ပြုလုပ်ပြီးရွတ်ဆို ပွားများခဲ့သည်။

·       မြတောင် သပိတ်စစ်ကြောင်းမှ လူငယ်များကို ယမန်နေ့က ပစ်ခတ်ဖမ်းဆီးပြီး ၁၂ ဦးဖမ်းဆီးခံရကာ ၁ ဦးသေဆုံးခဲ့သော်လည်း ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် မြတောင်သပိတ်စစ်ကြောင်းသည် မန္တလေး လမ်းမများပေါ်သို့ ပြန်ထွက်လာသည်။

·       အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သပိတ်စစ်ကြောင်းများကို ပစ်ခတ်ဖြိုခွင်းပြီး လိုက်လံဖမ်းဆီး နေပေမယ့် မန္တလေး အောင်မြေသာစံပညာရေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းသည် သြဂုတ်လ ၁ ရက် နံနက်တွင် စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ချီတက် ဆန္ဒပြကြသည်။

·       မန္တလေးမြို့က စစ်အာဏာရှင်တော်လှန်ရေးသပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ဇူလိုင် ၃၁ ရက်နေ့ကနေအိမ်များတွင် ဝင်ရောက်ဖမ်းဆီးခဲ့ရာ ၁ဝဦးထက်မနည်းဖမ်းဆီးခံခဲ့ရာပြီး ယင်းသို့ဖမ်းဆီး ခဲ့ရသူထဲမှ  အသက် ၂ဝအရွယ် ကိုစိုင်းရဲရင့်ဆိုသူသည် သေနတ်ထိမှန်သည် ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း သိရသည်။

·       မန္တလေး သံဃသမဂ္ဂဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁ရက်နေ့တွင် ပရိတ်ရွတ်မေတ္တာပို့ပြီး အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် ခဲ့သည်။

·       မန္တလေး သံဃသမဂ္ဂ ဆရာတော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁ရက်နေ့တွင် အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် ပြည်ဖျက် ၆လပြည့်နေ့အဖြစ် ၎င်းခေါင်းဆောင်သည့် စစ်ကောင်စီ အမြန်ဆုံးဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး

·       စစ်ကိုင်းတိုင်း ပေကုန်းကျေးရွာတွင် သြဂုတ်လ ၁ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ကောက်စိုက် သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       တန့်ဆည်မြို့နယ်တွင် လူငယ်များဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီ ဖြုတ်ချရေး ကောက်စိုက် သပိတ်ပြုလုပ်ခဲ့ကြောင်း သိရသည်။

·       စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တွင် စစ်အာဏာရှင်ဖြုတ်ချရေးအတွက် ပြည်သူများက ယနေ့ ဩဂုတ်လ ၁ ရက်နေ့တွင် ချီတက် ဆန္ဒပြကြကြောင်း သိရှိရသည်။

·       မင်းကင်းမြို့နယ်၊ တောင်ဖြူရွာတွင် PDF မှ ရဲဘော် များအား ထောင်ချောက်ဆင်ဖမ်းဆီးသည့် ကိစ္စနှင့်  ပတ်သက်၍ ယခုကာလအတွင်းစစ်ဘေးရှောင်နေကြရသည့်မိသားစုများမှအပ တောင်ဖြူရွာသူ/သားများ အား တွေ့ရာနေရာတွင်သုတ်သင်သွားမည်ဖြစ်ကြောင်း၊ ထိုသို့သုတ်သင်မှုများအတွက် NUG အစိုးရမှ ပေးအပ်မည့်ပြစ်ဒဏ်များကိုလည်း ကျေနပ်ရဲဝံ့စွာခံယူသွားမည်ဟု နယ်စည်းမခြားမိုးကြိုးမုန်တိုင်းအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားသည်။

·       ရွှေဘိုမြို့နယ်မှ ကျေးရွာတစ်ရွာမှ ဒေသခံပြည်သူများမှ အကြမ်းဖက်စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်ကို ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီး

·       ဇူလိုင်လ ၂၈ ရက်နေ့တွင် ဂန့်ဂေါ-ထီးလင်း လမ်းပိုင်း စစ်ကောင်စီတပ်တွေ ကြားဖြတ်မိုင်းခွဲတိုက်ခံရပြီး စစ်ကောင်စီတပ်သား အနည်းဆုံး ၂၀ ဦးခန့် သေဆုံးခဲ့ကြောင်း ယောဒေသကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

·       ထီးလင်းမြို့မှထွက်လာသည့် စစ်ရဟတ်ယာဉ်တစ်စင်း ဂန့်ဂေါမြို့ တပ်စခန်း ခလရ ၅၀ ထဲသို့ ယနေ့မနက် ၉နာရီခွဲခန့်က ဆင်းသက်ခဲ့ကြောင်းသိရသည်။

 တနင်္သာရီတိုင်းဒေသကြီး

·       ထားဝယ်မြို့တွင် ယနေ့ သြဂုတ်လ၁ရက်နေ့ မွန်းလွဲပိုင်းက ထားဝယ်ပင်မ သပိတ်စစ်ကြောင်းနှင့် ကျောင်းသား /လူငယ်များ တော်လှန်ရေးလှုပ်ရှားမှု သပိတ်စစ်ကြောင်းတို့ပူးပေါင်းကာ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

·       ထားဝယ်မြို့တွင် ဇူလိုင်လ ၃၁ရက်နေ့ ညပိုင်းက လူငယ်များ ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းဒေသကြီး

·       ပဲခူးမြို့ မဇင်းရပ်ကွက်၃လမ်းရှိ ဒေသခံအခေါ် ဘူတာဈေးကို စစ်ကောင်စီတပ်များမှ ယနေ့ နံနက်၉နာရီ ဝန်းကျင်တွင် လာရောက်သိမ်းဆည်း ပိတ်ပင်သွားကြောင်း ဒေသခံများမှပြောသည်။

မွန်ပြည်နယ်

မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၊ အုပ်ချုပ်ရေးမှူး ဦးအမန်းဟာ ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်မှာနှီးပဒေါ ကျေးရွာအုပ်ချူပ်ရေးမှူးရုံးမှနေ သူ၏ နေအိမ်သို့အပြန်လမ်းမှာအမည်မသိ သေနတ်သမား နှစ်ဦးမှာ ဆိုင်ကယ်ဖြင့်လာရောက်ပြီး သေနတ်နဲ့ပစ်ခတ်သွားခဲ့တယ်လို့သိရပါတယ်။

ကချင်ပြည်နယ်

·       ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာရှိ ကျောင်းသားပြည်သူများသည် သြဂုတ်လ ၁ ရက်နေ့တွင် စစ်အာဏာရှင်အမြစ်ပြတ်ကျဆုံးရေး ချီတက်ဆန္ဒပြကြသည်။

·       ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာရှိသည့် တိုင်းရင်းသားလူမျိုးပေါင်းစုံပါဝင်သည့် ပင်မသပိတ် စစ်ကြောင်းက သြဂုတ်လ ၁ ရက်နေ့ တွင် အာဏာသိမ်းအကြမ်းဖက် စစ်အုပ်စုကို အလိုမရှိကြောင်း လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required