လူကျင့်ဝတ်ဂုဏ်သိက္ခာနှင့်မညီသည့်ဗွီဒီယို၊ ဓါတ်ပုံများမတင်ကြရန်မင်းတပ် (CDF)အဖွဲ့မှထုတ်ပြန်

လူကျင့်ဝတ်ဂုဏ်သိက္ခာနှင့်မညီသည့်ဗွီဒီယို၊ ဓါတ်ပုံများမတင်ကြရန်မင်းတပ် (CDF)အဖွဲ့မှထုတ်ပြန်

မင်းတပ် - ဩဂုတ်(၁)

မတူပီနှင့်မင်းတပ်ကြားမှာဖြစ်ပွားခဲ့သည့်တိုက်ပွဲအပြီးစကစတပ်မှသေဆုံးသူများရဲ့အလောင်းများကိုမြုတ်နှံထားရှိသည့်ပုံများ လူမှုကွန်ရက်စာမျက်နှာများနှင့်သတင်းမီဒီယာအချို့တွင်ထွက်ပေါ်လာတာနှင့်ပတ်သက်ပြီး ဒီကနေ့ ဩဂုတ်(၁)ရက်နေ့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်)မှ သဘောထားထုတ်ပြန်လိုက်သည်။

'' ထုတ်ပြန်ချက်ထဲမှာတော့ ကျွန်တော်တို့အကြောင်းအရာတော်တော်လေးဖော်ပြထား တယ်။အဲဒီထုတ်ပြန်ချက်က ကျွန်တော်တို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ကာကွယ်ရေးတပ်တို့အားလုံးညှိနှိုင်းပြီးမှထုတ်ပြန်တာပါ။အဓိကတော့သတင်းမီဒီယာမှာ မဟုတ်မမှန်သတင်းဆိုတာထက် ဟုတ်မှန်နေရင်တောင် တင်သင့်တဲ့သတင်းရှိတယ် မတင်သင့်တဲ့သတင်းရှိတယ် ဒါကိုလိုက်နာသင့်ပါတယ်'''ဟု မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဇူလိုင်လ ၃၀ရက်နေ့ညပိုင်းက မတူပီ-မင်းတပ်လမ်းမကြီး မိုင်တိုင် (၇၃) တွင် CDF-မတူပီ၊ CNA ပူးပေါင်းအဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီတပ်အကြား တိုက်ပွဲဖြစ်ပွါးခဲ့ရာ အကြမ်းဖက်စစ်တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်စိုး အပါအဝင် ၁၀ ဉီးသေဆုံးခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly