တရုတ်နိုင်ငံပိုင် ကုမ္ပဏီများ၏ အကြွေးအခြေအနေ ဆိုးရွားလာ

တရုတ်နိုင်ငံပိုင် ကုမ္ပဏီများ၏ အကြွေးအခြေအနေ ဆိုးရွားလာ

အနောက်နိုင်ငံများ၏ စီးပွားရေးသည် ကပ်ရောဂါကြောင့် ထိခိုက်မှုမှ ပြန်လည် ကောင်းမွန်လာချိန်တွင် တရုတ်နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းများ၏ တိုးတက်မှု အခြေအနေသည် ၂၀၂၁ ခုနှစ်တွင် လျော့နည်းလျှက်ရှိပြီး အစိုးရ၏ စိတ်ပျက်ဖွယ်ရာ စည်းမျည်းများကလည်း အတားအဆီးဖြစ်စေလျက်ရှိကြောင်း ပြင်သစ် ရင်းနှီးမြှုပ်နှံမှုဘဏ် Natixis ၏ သုတေသနတစ်ခုတွင် ဖော်ပြထားသည်။

အကြီးစား စာရင်းဝင် တရုတ်ကုမ္ပဏီ ၃၀၀၀ အား အလားတူ ကမ္ဘာ့ကုမ္ပဏီကြီးများနှင့် နှိုင်းယှဉ်လေ့လာခဲ့ရာတွင် ယခုနှစ်အတွင်း တင်းကြပ်သည့် ငွေကြေးမူဝါဒများ ချမှတ်မထားသော်လည်း တရုတ်နိုင်ငံပိုင်လုပ်ငန်းများအပေါ် တင်ရှိနေသည့် ကြွေးမြီပမာဏသည် လွန်စွာ ဆိုးရွားလာကြောင်း ဖော်ပြထားသည်။

ပုဂ္ဂလိက ကုမ္ပဏီများ၏ ချေးငွေပြန်လည်ပေးဆပ်မှုပမာဏ တိုးတက်လာသော်လည်း အိုးအိမ်ကဏ္ဍတွင် လျော့နည်းနေသေးသည်။ အိမ်ယာရောင်းချမှုနှင့် လုပ်ငန်းပမာဏသည် အနိမ့်ဆုံးအဆင့်မှ ပြန်လည် မြင့်တက် လာသော်လည်း အပေါင်ပစ္စည်းများအပေါ် ချေးငွေပြန်ဆပ်မှု နည်းနေသောကြောင့် ယင်းကဏ္ဍတွင် ငွေပြန်ဖော်နိုင်ရေးအတွက် ခက်ခဲနေသည်။

တစ်ပိုင်လျှပ်ကူးကဏ္ဍသည် ၂၀၁၅ ခုနှစ်မှစ၍ ချေးငွေပြန်လည်ပေးဆပ်မှု အကောင်းဆုံးဖြစ်သည်။

ကဏ္ဍအလိုက်အားဖြင့် စွမ်းအင်နယ်ပယ်မှ တရုတ်ကုမ္ပဏီများသည် ဝင်ငွေပိုမိုကောင်းကြပြီး ယင်းနောက်တွင် စားသောက်ကုန်၊ တစ်ပိုင်းလျှပ်ကူးနှင့် အဝတ်အထည်ကဏ္ဍတို့ ရှိနေသည်။

သို့သော် အဆိုပါ ထိပ်ပိုင်းကဏ္ဍ ၄ ခုသည် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဏ္ဍထက် မကျော်လွန်သေးပေ။ အဆိုပါကဏ္ဍတွင် ဘဏ္ဍာရေးအခြေအနေသည် ကောင်းမွန်ခြင်းမရှိသော်လည်း ၃၅ ရာခိုင်နှုန်းအထိ တိုးတက်နေပြီး ရင်းနှီးမြှုပ်နှံသူများ မျက်စိကျနေသည့် တစ်ပိုင်းလျှပ်ကူးနှင့် အဝတ်အထည်လုပ်ငန်းတွင် ၂၀ ရာခိုင်နှုန်း တိုးတက်နေသည်။

တရုတ်အစိုးရသည် အမေရိကန်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် မှီခိုရခြင်းကို လျှော့ချနိုင်ရန် ပြည်တွင်း၌ ချစ်ပြားထုတ်လုပ်မှုအတွက် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် ရန်ပုံငွေများကို ထူထောင်သုံးစွဲခဲ့ကြောင်း အာရှပစိဖိတ်ဒေသ၏ လုပ်ငန်းအလိုက် လေ့လာသုတေသပြုသည့် အကြီးတန်း စီးပွားရေးပညာရှင် ဂါရီနက်ဂ်က ပြောသည်။

ပုဂ္ဂလိက ကော်ပိုရေးရှင်းများက ကျန်းမာရေး နည်းပညာနယ်ပယ်ကို လုပ်ကိုင်ရန် တရုတ်အစိုးရက နောက်တစ်ဆင့် ဆောင်ရွက်လာနိုင်ကြောင်း Natixis ၏ အာရှပစိဖိတ်ဆိုင်ရာ စီးပွားရေးပညာရှင် အလီစီယာဂါဆီယာဟာရီရိုက ပြောကြားသည်။

တရုတ်အစိုးရသည် နိုင်ငံတော်လုံခြုံရေးအကြောင်းပြချက်ဖြင့် အချက်အလက်များကို ရယူမည်ဖြစ် သောကြောင့် အချက်အလက်အများအပြားကို သိမ်းဆည်းထားသည့် ကုမ္ပဏီများကို သက်ရောက်နိင်မည်ဟုလည်း နက်ဂ်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly