ပဲခူးမြို့ ဘူတာဈေးက စျေးသည်များ၏ ပစ္စည်းများကို စစ်ကောင်စီတပ်များ သိမ်းယူသွား

ပဲခူးမြို့ ဘူတာဈေးက စျေးသည်များ၏ ပစ္စည်းများကို စစ်ကောင်စီတပ်များ သိမ်းယူသွား

ဩဂုတ် ၁

ပဲခူးမြို့ မဇင်းရပ်ကွက်၃လမ်းရှိ ဒေသခံအခေါ် ဘူတာဈေးကို စစ်ကောင်စီတပ်များမှ ယနေ့ ဩဂုတ်လ နံနက်၉နာရီဝန်ကျင်မှာ လာရောက်သိမ်းဆည်း ပိတ်ပင်သွားကြောင်း ဒေသခံများမှပြောသည်။ 

စစ်ကောင်စီလက်အောက်ခံတပ်တွေနှင့် စည်ပင်ဝန်ထမ်းများအပါအဝင် အင်အား၆၀ခန့် နှင့် စစ်ကား၅စီး ဖောကား၅စီးနဲ့ လာရောက်ပြီး အဆိုပါဈေးရှိ ဈေးသည်များ၏ ပစ္စည်းများကို အတင်းလုယက်သိမ်းဆည်းသွားခဲ့သည်။ 

" သူတို့က စဝင်ကတည်းက ဈေးမရောင်းရဘူးဆိုတာ နားမလည်ဘူးလားဆိုပြီး ဆဲလဲဆဲတယ် နောက်ဆိုလူပါဖမ်းမယ်ဆိုပြီး ဈေးရောင်းတဲ့ပစ္စည်းတွေကို အကုန်သိမ်းသွားတာ။ ကြက်ဥဗန်းတွေ ထီးတွေ ချိန်ခွင်တွေ အကုန်သိမ်းတာ အများကြီးဘဲ"ဟု အဆိုပါဈေးတွင် ဈေးရောင်းချသူများကပြောသည်။ 

စစ်ကောင်စီတပ်များမှ ပထမအကြိမ်လာရောက် သိမ်းဆည်ပြီးနောက် နာရီဝက်အကြာတွင် ပြန်လည်ရောက်ရှိလာကာ ပစ္စည်းများကို ထပ်မံ သိမ်းဆည်းသွားကြောင်း သိရသည်။ 

ဘူတာဈေးတွင် ဈေးသည်၅၀နီးပါး ရောင်းချနေပြီး အများစုမှာ အခြေခံစားသောက်ကုန်များကိုရောင်းချနေကျသူများဖြစ်သည်။ 

ပဲခူးမြို့တွင် နံနက်၆နာရီမှ ၉နာရီအထိသာဈေးရောင်းချခွင့်ပြုထားပြီး အလားတူ ပြီးခဲ့သည့်လတွင်လဲ ပြင်စည်ဈေးကို ၃ကြိမ်တိုင်တိုင် လာရောက်ဖမ်းဆီးခဲ့ကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly