ကိုဗစ်ကြောင့်ထိခိုက်ထားသည့် စီးပွားရေးပြန်လည်နလံထလာမှုကြောင့် အိန္ဒိယ၏ သံမဏိသုံးစွဲမှု စံချိန်တင်မြင့်တက်

ကိုဗစ်ကြောင့်ထိခိုက်ထားသည့် စီးပွားရေးပြန်လည်နလံထလာမှုကြောင့် အိန္ဒိယ၏ သံမဏိသုံးစွဲမှု စံချိန်တင်မြင့်တက်

အိန္ဒိယတွင် ကပ်ရောဂါကြောင့် စီးပွားရေးလုပ်ငန်းများ လုပ်ငန်းမလည်ပတ်နိုင်သဖြင့် ၂၀၂၀ ပြည့်နှစ်က ဝယ်လိုအားကျဆင်းခဲ့ရမှုနှင့် ပြောင်းပြန်အနေအထားဖြစ်လာပြီး ၂၀၂၁ခုနှစ်တွင် အိန္ဒိယနိုင်ငံ၏ သံမဏိသုံးစွဲမှုသည် စံချိန်ချိုးခဲ့သည်။

သေဆုံးမှုများသည့် ဒုတိယလှိုင်း ရောဂါကူးစက်မှုကျဆင်းသွားသောကြောင့် စီးပွားရေး လုပ်ငန်းများ ပြန်လည်နလံထလာနေသည်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ၂၀၂၁ခုနှစ်တွင် အိန္ဒိယသည် စီးပွားရေး ၉ ဒသမ ၅ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထားသည်။

တစ်နိုင်ငံလုံး ကူးစက်ရောဂါတားဆီးရေးအတွက် ပိတ်ဆို့ဟန့်တားမှုများကြောင့် အိန္ဒိယသည် စီးပွားရေး လုံးဝရပ်ဆိုင်းသွားခဲ့ပြီး စီးပွားရေးသည် မကြုံစဖူး ၇ ဒသမ ၃ ရာခိုင်နှုန်း အထိ ကျဆင်းသွားခဲ့သည့် ၂၀၂၀ပြည့်နှစ် အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။

ဧပြီလမှ စ၍ သံမဏိလိုအပ်ချက်သည် ၁၇ ရာခိုင်နှုန်း မှ တန်ချိန် သန်း ၁၁၀ အထိမြင့်တက်လာလိမ့်မည်ဟု မျှော်လင့်ကြောင်း JSW Steel Ltd. ၏ ပူးတွဲအုပ်ချုပ်မှု ဒါရိုက်တာ စီရှာဂီရီရာအိုက ပြောသည်။ လွန်ခဲ့သည့် ၁၅နှစ်တာကာလအတွင်း နှစ်အလိုက် ဝယ်လိုအားတွင် ၂၀၂၀ပြည့်နှစ်သည် ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်းဖြစ်သည်။

လျှပ်စစ်ဓာတ်အားသုံးစွဲမှုမြင့်တက်ခြင်းနှင့် သတ္တူတူးဖော်ရေးလုပ်ငန်းများ မြင့်တက်လာခြင်းနှင့်အတူ ထွန်စက်နှင့် ခရီးသည်တင်ယာဉ်များရောင်းအားတိုးတက်လာခြင်းကြောင့် သတ္ထုဝယ်လိုအား ပိုများလာခဲ့သည်ဟု ရာအို ကအင်တာဗျူးတစ်ခုတွင် ပြောကြားခဲ့သည်။

“ ဇွန်လနဲ့ ဇူလိုင်လမှာ ကောင်းကောင်းနလံထလာတာကို ကျွန်တော်တို့ တွေ့မြင်ခဲ့ရပါတယ်” ဟု သူက ပြောသည်။

“ ပွဲတော်ရာသီလွန်ရင်တော့ ဆောက်လုပ်ရေးလုပ်ငန်းတွေဆီက ဝယ်လိုအားကလဲ တက်လာပါလိမ့်မယ်”

ပြည်တွင်းသုံးစွဲမှုတိုးလာခြင်းကြောင့် ၂၀၂၀ပြည့်နှစ်က တန်ချိန် ၁၇ သန်းအထိ ပြည်ပသို့ သံမဏိတင်ပို့နိုင်မှုကို ထိခိုက်နိုင်ဖွယ်ရှိသည်။ ၂၀၂၁ခုနှစ်တွင် သံမဏိထုတ်လုပ်သူများက ပြည်တွင်း ဝယ်လိုအားကို ဖြည့်ဆည်းပေးရန်အတွက် အာရုံစိုက် နေရသဖြင့် ယခုနှစ်တင်ပို့မှုပမာဏသည် ၂၀၂၀ပြည့်နှစ်ကထက် အနည်းငယ်ကျသွားလိမ့်မည်ဟု ရာအို က ပြောကြားခဲ့သည်။

JSW ၏ ပြည်ပတင်ပို့မှုသည် ၂၀၂၀ပြည့်နှစ်ကအတိုင်း တန်ချိန် ၄ သန်း ရှိနိုင်မည်ဟု သူက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly