တရုတ်မြို့ကြီးများတွင် ရေကြီးမှု သတင်းရယူနေသည့် နိုင်ငံခြားသတင်းထောက်များ နှောက်ယှက်ခံရ

By The Hong Kong Post
01 August 2021
တရုတ်မြို့ကြီးများတွင် ရေကြီးမှု သတင်းရယူနေသည့် နိုင်ငံခြားသတင်းထောက်များ နှောက်ယှက်ခံရ

တရုတ်မြို့ကြီးများတွင် ရေကြီးမှုနှင့် ပတ်သက်သည့် သတင်းရယူနေသည့် နိုင်ငံခြားမီဒီယာမှ သတင်းသမား များကို ဒေသခံ များက အနှောင့်အယှက်ပေးနေကြသည်။

ရေကြီးမှုသတင်းရယူနေသည့် နိုင်ငံခြားသတင်းထောက်တစ်ယောက်ကို နိုင်ငံပိုင်မီဒီယာက ပြင်းပြင်းထန်ထန် ဝေဖန်ပြီးနောက်ပိုင်း ယင်းဖြစ်ရပ်များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

တရုတ်မြို့ကြီးများတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးမှုများ ကြုံတွေ့ရနေရသည်ကို သတင်းတင်ဆက် သည့် နိုင်ငံခြား သတင်းထောက်များကို ဝေဖန်ထားသော ဒေါသထွက်နေသည့် ပို့စ်များဖြင့် တရုတ်လူမှုမီဒီယာ Weiboတွင် ပြည့်နှက်နေကြောင်း Hong Kong Free Press က ဖော်ပြခဲ့သည်။

ရေကြီးမှုကြောင့် ရထားတွဲတစ်ခုအတွင်း လူတစ်ဒါဇင်ခန့် သေဆုံးပြီးနောက် အစိုးရ၏ မူဝါဒများကို မေးခွန်းထုတ်သည့် သတင်းများကို တင်ပြခဲ့သည့် ဘီဘီစီ၏ တရုတ်နို်ငငံသတင်းထောက် ရော်ဘင်ဘရန့်အား အဓိကထား ဝေဖန်နေကြခြင်း ဖြစ်သည်။

“သူတို့မှာ ဘာဖြစ်လို့ ဒီလောက် အကဲဆတ်နေကြတာလဲဆိုတာ ကျွန်တော်တို့ မသိပါဘူး” ဟု ဘရန့်က ဇူလိုင်လ ၂၃ရက်က ပြောကြားခဲ့သည်။

တရုတ်အစိုးရသည် အခြားဒေသခံအစိုးရများအား ၎င်းတို့၏ ကြိုတင်ပြင်ဆင်မှုများနှင့် မြို့ပြစည်းမျဉ်းစည်းကမ်း များအား ဆန်းစစ်ရန် သတိပေးခဲ့သည်ဟု ထပ်လောင်း ပြောကြားခဲ့သည်။

တရုတ်လူမှုမီဒီယာသုံးစွဲသူများက ဘရန့်ကို တွစ်တာကဲ့သို့သော Weiboပလက်ဖောင်းပေါ်တွင် ကောလာဟလသတင်းမှားများ ထုတ်လွှင့်နေသည့် နိုင်ငံခြားသား နှင့် ရေကြီးနှင့် ပတ်သက်သော သူ၏ သတင်းများသည် အချက်အလက်များအကြီးအကျယ်မှားယွင်းနေသည် ဟု စွပ်စွဲခဲ့ကြသည်။

နောက်တစ်ရက်တွင် LA Times မှ အဲလစ်စုနှင့် Beijing DeuscheWelleမှ တရုတ်သတင်းထောက် မာသီရာစ် ဘိုးလင်းဂါတို့ကို ဒေါသထွက်နေသော လူအုပ်ကြီးက ဝိုင်းရံခဲ့ကြသည်။

Al Jazeera နှင့် Associated Press မှသတင်းထောက်များသည်လည်း လူများ၏ ဗီဒီယိုဝိုင်းရိုက်ခြင်းနှင့် အာဏာပိုင်များခေါ်ခြင်းကဲ့သို့သော လူအုပ်၏ နှောင့်ယှက်မှုခံရသည့်အကြောင်းကို တွစ်တာတွင် ရေးသားခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly