မနက်ပိုင်းကဖမ်းဆီးခံခဲ့ရသည့် မန္တလေးကဆန္ဒပြလူငယ်သေနတ်ဒဏ်ရာဖြင့်ယနေ့ညနေမှာသေဆုံး

မနက်ပိုင်းကဖမ်းဆီးခံခဲ့ရသည့် မန္တလေးကဆန္ဒပြလူငယ်သေနတ်ဒဏ်ရာဖြင့်ယနေ့ညနေမှာသေဆုံး

မန္တလေး ၊ဇူလိုင် ၃၁

မန္တလေးမြို့တွင် ယနေ့နံနက်က ဆန္ဒပြလူငယ်များကိုစစ်တပ်ဝင်စီးစဉ်သေနတ်ဒဏ်ရာနှင့် ဖမ်းဆီးခံခဲ့ရသူ ကိုစိုင်းရဲရင့်သည် ကွယ်လွန်သွားကြောင်း သပိတ်ခေါင်းဆောင်များအပြောအရသိရသည်။

မန္တလေးမြို့ပုသိမ်ကြီးမြို့နယ်၊အရှေ့ကန်ကောက်ရွာသစ်ထဲမှ ဆန္ဒပြလူငယ်များနေထိုင်သည့် နေအိမ်ကိုစစ်တပ်ကဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ရာ ကိုစိုင်းရဲရင့်၏ဆီးခုံကိုသေနတ်မှန်ခဲ့သည်။ 

"သူ့(သေဆုံးသူ)ရဲ့ အမျိုးသမီးကပြောလို့ ကျဆုံးသွားပြီလို့သိရတယ်။ကျန်တာတော့ မသိရသေးဘူး"ဟု သပိတ်တွင်ပါဝင်သူတစ်ဦးကပြောသည်။

ယခုတစ်ပတ်အတွင်း မန္တလေးမြို့ကဆန္ဒပြသပိတ်များကို စစ်တပ်ကအကြမ်းဖက်ပစ်ခတ်မှုများပြုလုပ်နေရာ ငါးဦး သေနတ်ဒဏ်ရာရရှိခဲ့သည့်အနက် သုံးဦးသေဆုံးခဲ့ခြင်းဖြစ်သည်။ဇူလိုင်လ၂ရရက်နေ့ကသေဆုံးခဲ့သူမသူသူဇင်နှင့်တခြားတစ်ဦး၏အလောင်းကိုတော့ စစ်တပ်ကမိသားစုဝင်များထံပြန်မပေးဘဲ တိတ်တဆိတ်သဂြိုလ်ခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly