ဇူလိုင် ၃၁
မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် ဝန်ခြုံးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးအဖွဲ့တွေက ယနေ့ ဇူလိုင်လ ၃၁ ရက်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက သတင်းပေးပို့လာသည်။
ဒေသခံပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ နဲ့ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးပူးပေါင်းအဖွဲ့တို့ဟာ ဒီကနေ့ နေ့လည်က ဝန်ခြုံရွာမှာ တိုက်ပွဲဖြစ်ပွါးခဲ့သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဝန်ခြုံးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ပြီးနောက် အရပ်သားများ၏ နေအိမ်အချို့ကို မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံများက သတင်းပေးပို့သည်။
Photo - CJ