ကူရာမဲ့ အဖိုးအဖွားဇနီးမောင်နှံအိမ်တွင် သေဆုံးသူ အဖွားအို၏ ရုပ်အလောင်းကို ၃ ရက်အကြာမှာတွေ့ရ 

ကူရာမဲ့ အဖိုးအဖွားဇနီးမောင်နှံအိမ်တွင် သေဆုံးသူ အဖွားအို၏ ရုပ်အလောင်းကို ၃ ရက်အကြာမှာတွေ့ရ 

ဇူလိုင် ၃၁

ကြည့်မြင်တိုင်မြို့နယ် ရတနာပုံလမ်းအတွင်းရှိ နေအိမ်တစ်ခုတွင် အဖွားအိုတစ်ဦးသေဆုံးနေသည်မှာ သုံးရက်ကြာမြင့်ပြီဖြစ်သော်လည်း အတူနေ အဖိုးအိုက သတိလက်လွတ်ဖြစ်ကာ နှိပ်နယ်ပေးနေခဲ့သည်ကို ပရဟိတအဖွဲ့က တွေ့ခဲ့ကြရသည်။ 

"အဘိုးနဲ့အဘွားကျန်းမာရေးမကောင်းဖြစ်နေတယ်ပြောလို့ ကမ်းလက်များ မောင်နှစ်မတွေဖြစ်တဲ့ ကျွန်တော်တို့သွားကြည့်ဖြစ်တယ်။ဟိုရောက်တော့အဘွားကဆုံးတာသုံးရက်တောင်ရှိလို့အနံ့တောင်ထွက်နေပြီ။ အဘိုးကတာ့သတိရတစ်ချက်မရတစ်ချက်ဖြစ်နေတာကနေကျွန်တော်တို့ရောက်ချိန်မှာတော့သတိကောင်းကောင်းပြန်ရလာပြီ။ အဘွားနားကိုသွားသွားပြီးနှိပ်နယ်ပေးနေလို့မနည်းတားယူရတယ်။" လို့ အဖွဲ့ဝင်လူငယ်တစ်ဦးကဆိုသည်။

လက်ရှိတွင် အဖိုးအိုမှာ ကျန်းမာရေးစိုးရိမ်ရကြောင်းနှင့် အနီးကပ်ပြုစုသူမရှိဘဲဖြစ်နေသည်ကို ပရဟိတအဖွဲ့ဝင် တစ်ဦးက သူ့၏လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

" ကျွန်တော်တို့အဖွဲ့ကတော့ ကိုယ်နိုင်တာ ကူညီပေးခဲ့တယ်။ အဖိုးတစ်ယောက်ထဲ ဒီညကိုတစ်ယောက်ထဲဘယ်လိုများဖြတ် သန်းမလဲဆိုပြီးတွေးပူနေရတယ်။ ဆရာဝန်ပြောတာကတော့အနီးကပ်ပြုစုစောင့်ရှောက်သူမရှိရင် အဘိုးလည်း သုံးရက်ထက်မခံဘူးတဲ့။ ဘယ်လိုတွေတောင်ဝဋ်ကြေးကြီးနေတာလဲ မြန်မာပြည်ကြီးရယ်မုန် တိုင်းတွေမြန်မြန်ပြီးမြောက်စေချင်နေပါပြီ " ဟု အဆိုပါလူငယ်ကပင် ရေးတင်ထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly