တာလီဘန်တို့ကို ဆန့်ကျင်သည့် အီရန်မှ ရှီးယားစ်တို့က အာဖဂန်အစိုးရကို ကူညီ

တာလီဘန်တို့ကို ဆန့်ကျင်သည့် အီရန်မှ ရှီးယားစ်တို့က အာဖဂန်အစိုးရကို ကူညီ

အမေရိကန်တပ်ဖွဲ့များထွက်ခွာသွားသည့် အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှ အကြမ်းဖက်သမားများကို တိုက်ထုတ်နေသည့် အစိုးရကို တာလီဘန်တို့ကို ဆန့်ကျင်သည့် အီရန်မှ ရှီးယားအုပ်စုက ကူညီတိုက်ခိုက်လျှက်ရှိသည်။

ဟာရှက်ဒ်အယ်လ်ရှီးယားအဖွဲ့က ၎င်းတို့ကို အာဖဂန်နစ္စတန်နိုင်ငံအတွင်း ရောက်ရှိနေကြောင်း ထုတ်ပြန်သည့် သတင်းကို အီရန်သတင်းစာ Islamic Republic ၏ ရှေ့စာမျက်နှာတွင် ဖော်ပြခဲ့သည်။

အဆိုပါအဖွဲ့၏ တပ်မှူး ဆာယက်ဟက်ဆန်အယ်လ်ဟိုင်ဒရီက အာဖဂန်နစ္စတန်တွင် ဖြစ်ပွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ ပြောကြားသည့် ပထမဆုံးမိန့်ခွန်းတွင် အာဖဂန်နစ္စတန်ကို ကာကွယ်စောင့် ရှောက်ရန် အစိုးရတပ်ဖွဲ့များနှင့် ပူးပေါင်းတိုက်ခိုက်မည့် အုပ်စုအား ဦးဆောင်ကွပ်ကဲသွားမည်ဟု ပြောကြားသည်။

ရှီးယားတို့၏ အဖိုးတန်ပစ္စည်းများကို ကာကွယ်စောင့်ရှောက်ခဲ့သည့် အတွေ့အကြုံရှိသော ၎င်းတို့အုပ်စုအနေဖြင့် အာဖဂန်နစ္စတန် ပြည်သူများနှင့် ပူးပေါင်းကာ နိုင်ငံ၏ ညီညွတ်ရေးနှင့် အချုပ်အခြာအာဏာအတွက် အကြမ်းဖက်အုပ်စုများနှင့် တာလီဘန်အကြမ်းဖက်သမားများကို တိုက်ခိုက်မည်ဟုလည်း အဆိုပါအဖွဲ့က ထုတ်ပြန်ထားသည်။

အာဖဂန်နစ္စတန် နိုင်ငံတွင်းမှ ပြည်ပတပ်ဖွဲ့များ ထွက်ခွာသွားချိန်တွင် တာလီဘန်တို့က အရပ်သာများ၊ ကာကွယ်ရေးနင့် လုံခြုံရေးတပ်ဖွဲ့များကို တိုးမြှင့်တိုက်ခိုက်ခဲ့သည်။

တာလီဘန်တို့သည် ၎င်းတို့သိမ်းပိုက်ထားသည့် နယ်မြေများတွင် ခေတ်မမီတော့သည့် စည်းမျဉ်းများကို သတ်မှတ်နေသလို ဆွန်နီမွတ်စလင်များအပေါ် လူမျိုးရေးအကြမ်းဖက်မှုများ လုပ်ဆောင်မည်ကို ရှီးယားအဖွဲ့က စိုးရိမ်လျှက်ရှိသည်။

တာလီဘန်တို့က ၎င်းတို့ ထိန်းချုပ်သောဒေသများတွင် အမျိုးသမီးများက ၎င်းတို့၏ တိုက်ခိုက်ရေးသမားများကို လက်ထပ်ရန် တောင်းဆိုနေသလို အမျိုးသားကိုလည်း မုတ်ဆိတ်ထားရန်နှင့် ဗလီသို့သွားရန် အမိန့်ပေးထားသည်။

၁၉၉၆ မှ ၂၀၀၁ ခုနှစ်အထိ ၅ နှစ်ကာလအတွင်း တာလီဘန်တို့၏ အုပ်ချုပ်မှုကို ကမ္ဘာပေါ်ရှိ အစိုးရများက ကန့်ကွက်ခဲ့သော်လည်း ပါကစ္စတန်တို့က စစ်ရေး၊နိုင်ငံရေးနည်းလမ်းတို့ဖြင့် ထောက်ခံခဲ့သည်။ ထိုစဉ်က အမျိုးသမီးများ အလုပ်ထွက်လုပ်ခြင်း၊ ကျောင်းတက်ခြင်း၊ အမျိုးသားဆွေမျိုးမပါဘဲ အိမ်ပြင်ထွက်ခြင်းတို့ကို တားမြစ်ခဲ့သည်။

အမျိုးသမီးများကိုလည်း မုတ်ဆိတ်မဖြစ်မနေထားစေကာ၊ ဗောင်းထုပ် ဆောင်းစေခဲ့သည်။ တေးဂီတ နှင့် အခြား ဖျော်ဖြေပွဲတို့ကိုလည်း ဟန့်တားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly