အိန္ဒိယက ဘင်္ဂလားဒေ့ရှ်သို့ အောက်စီဂျင်များကို ရထားတွဲများဖြင့် ထပ်မံပေးပို့

အိန္ဒိယက ဘင်္ဂလားဒေ့ရှ်သို့ အောက်စီဂျင်များကို ရထားတွဲများဖြင့် ထပ်မံပေးပို့

အိန္ဒိယရထားလုပ်ငန်းမှ အောက်စီဂျင်တင် အမြန်ရထားသည် ဆေးခန်းသုံး အောက်စီဂျင်အရည် (LMO) ၁၀တွဲကို သယ်ဆောင်ကာ ဘင်္ဂလားဒေ့ရှ်သို့ ထပ်မံပေးပို့ရန် တာတန်နာဂါ ဘူတာမှ ဇူလိုင် ၂၉ ရက် နံနက်ပိုင်းတွင် စတင်ထွက်ခွာသွားကြောင်း သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ဖော်ပြထားသည်။

ဘင်္ဂလားဒေ့ရှ်သို့ ဒုတိယအကြိမ်ပေးပို့သည့် LMO တန်ချိန် ၂၀၀ သည် ကိုဗစ်-၁၉ အခြေအနေ ပိုမိုဆိုးရွားနေချိန်တွင် အသက်ရှူရန် အခက်အခဲကြုံတွေ့နေရသည့် လူနာများအတွက် အခက်အခဲကို ပြေလည်စေမည်ဖြစ်သလို အရန်သိုလှောင်မှုကို ပိုမိုရရှိစေမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် အိန္ဒိယ၏ ဆက်လက်ပံ့ပိုးမှုအား ယခုပေးပို့လိုက်သည့် အောက်စီဂျင်ဖြင့် ထပ်မံအတည်ပြုလိုက်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ဇူလိုင် ၂၅ ရက်ကလည်း အိန္ဒိယက ဘင်္ဂလားဒေ့ရှ်သို့ အောက်စီဂျင် တန် ၂၀၀ ကို အမြန်ရထားဖြင့်ပင် ပေးပို့ခဲ့သည်။ အဆိုပါအောက်စီဂျင်များကို ဆေးရုံများတွင် ကုသမှုခံယူနေသည့် ကိုဗစ်-၁၉ လူနားများအတွက် အသုံးပြုသွားမည်ဖြစ်သည်။

နိုင်ငံတွင်း ပြည်နယ်အသီးသီး၌ ကြုံတွေ့နေရသည့် အောက်စီဂျင်ရှားပါးမှုပြဿနာကို ဖြေရှင်းရန် အိန္ဒိယ ရထားပို့ဆောင်‌ရေးလုပ်ငန်းက Oxygen Express ဖြင့် ပို့ဆောင်ပေးခြင်းကို စတင်ဆောင်ရွက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly