ကိုဗစ်-၁၉ ကြောင့် တစ်ဦးချင်းအလိုက် သေဆုံးနှုန်းတွင် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက အများဆုံး ဖြစ်လာ 

ကိုဗစ်-၁၉ ကြောင့် တစ်ဦးချင်းအလိုက် သေဆုံးနှုန်းတွင် အရှေ့တောင်အာရှမှာ မြန်မာနိုင်ငံက အများဆုံး ဖြစ်လာ 

ဇူလိုင် ၃၁

မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ တိုးပွားလာခြင်းနှင့်အတူ ဖေဖော်ဝါရီလအတွင်း အာဏာသိမ်းခဲ့သည့် စစ်အုပ်စုသည် အာဏာတည်ဆောက်ရေးနှင့် အတိုက်အခံများကို ဖိနှိပ်ရာတွင် ကပ်ဘေးကို အသုံးချနေသည်ဟု စွဲဆိုချက်များကလည်း ခပ်စိတ်စိတ် ထွက်ပေါ်လာလျက် ရှိနေသည်။ 

ပြီးခဲ့သည့် ခုနစ်ရက်အတွင်း မြန်မာနိုင်ငံ၏ တစ်ဦးချင်းအလိုက် သေဆုံးနှုန်းသည် အင်ဒိုနီးရှားနှင့် မလေးရှားတို့ထက် ကျော်လွန်ပြီး အရှေ့တောင်အာရှ၌ အဆိုးဝါးဆုံး ဖြစ်လာခဲ့သည်။ နိုင်ငံ၏ ကျန်းမာရေးစနစ်မှာလည်း ကိုဗစ်-၁၉ လူနာသစ်များဖြင့် အလျင်အမြန် ဝန်ပိလျက် ရှိနေသည်။ 

အောက်ဆီဂျင် ထောက်ပံ့မှုမှာလည်း တစစ လျော့ပါးလာပြီး စစ်အုပ်စုသည် နေရာအများအပြား၌ ပုဂ္ဂလိကသို့ အောက်ဆီဂျင်ရောင်းချခြင်းများကို ကန့်သတ်ထားကာ အောက်ဆီဂျင် ပြတ်လပ်မှု မရှိအောင် တားဆီးရန် ကြိုးစားခြင်းသာ ဖြစ်သည်ဟု ဆိုထားသည်။ 

သို့ရာတွင် အောက်ဆီဂျင်ကို စစ်အုပ်စု ထောက်ခံသူများနှင့် စစ်ဆေးရုံများသို့သာ ပေးပို့နေခြင်းဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲမှုများ ရှိလာခဲ့သည်။ 

တစ်ချိန်တည်းမှာပင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဟု ဆိုသော စစ်အာဏာသိမ်းအုပ်စုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုဆိုသော CDM လှုပ်ရှားမှုကို ရှေ့ဆောင်ခဲ့သည့် ကျန်းမာရေးဝန်ထမ်းများကို ပစ်မှတ်ထားလျက် ရှိနေဆဲပင် ဖြစ်သည်။ 

“တစ်ကိုယ်ရည် ကာကွယ်ရေးပစ္စည်းတွေနဲ့ နှာခေါင်းစည်းတွေ ဝေငှတာကိုလည်း စစ်အာဏာသိမ်းအုပ်စုက တားမြစ်တယ်၊ ဒီမိုကရေစီ လှုပ်ရှားမှုကို ထောက်ခံတယ် ယူဆတဲ့ အရပ်သားတွေကိုလည်း ဆေးရုံတွေမှာ ကုသဖို့ ခွင့်ပြုပေးမှာ မဟုတ်သလို CDM ကို ထောက်ခံတဲ့ ဆရာဝန်တွေလည်း ဖမ်းဆီးခံရဖို့ပဲ ရှိနေတယ်”ဟု ကုလသမဂ္ဂ မြန်မာလူ့အခွင့်အရေးကျွမ်းကျင်သူနှင့် မြန်မာဆိုင်ရာ အထူးအကြံပေးကောင်စီ တည်ထောင်သူများမှ တစ်ဦးဖြစ်သည့် ယန်ဟီးလီက သတင်းဌာနများအား ပြောခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly