ဘင်္ဂလားဒေ့ရှ် ရေဘေးမှာ လူ ၂၀ သေဆုံးပြီး ၃၀၀၀၀၀ ထက်မနည်း သောင်တင်နေ 

ဘင်္ဂလားဒေ့ရှ် ရေဘေးမှာ လူ ၂၀ သေဆုံးပြီး ၃၀၀၀၀၀ ထက်မနည်း သောင်တင်နေ 
Photo - AFP

ဇူလိုင် ၃၁

မုတ်သုန်မိုးကြီးခြင်းနဲ့ မြေပြိုမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း နယ်မြေတစ်လွှားက ကျေးရွာတွေမှ ပြည်သူ သုံးသိန်းကျော်ထက်မနည်းဟာ သွားလာဆက်သွယ်မှု ပြတ်တောက်ပြီး သောင်တင်လျက် ရှိနေကာ ရိုဟင်ဂျာဒုက္ခသည် ခြောက်ဦးအပါအဝင် လူ ၂၀ အနည်းဆုံး သေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

မြန်မာနိုင်ငံဖက်ကနေ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည် တစ်သန်းနီးပါး ကမ့်စခန်းတွေရှိနေရာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက် နယ်မြေဒေသဟာ တနင်္လာနေ့က စတင်ပြီး အဆက်မပြတ် မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ ဆိုးဆိုးဝါးဝါး ကြုံနေရပါတယ်။ 

“ရေကြီးမှုတွေကြောင့် ကော့ဘဇားခရိုင်မှာ ပြည်သူ ၃၀၆၀၀၀ နီးပါး သောင်တင်နေတယ်၊ ကျေးရွာပေါင်း အနည်းလေး ၇၀ လောက် ရေလွှမ်းနေတယ်”ဟု ခရိုင်အုပ်ချုပ်ရေးမှူး မာမန်နာရာရှိတ်ဒ်က အေအက်ဖ်ပီကို ပြောပါတယ်။ 

“ရေကြီးမြေပြိုမှုတွေကြောင့် ရိုဟင်ဂျာဒုက္ခသည် ခြောက်ဦးအပါအဝင် အနည်းဆုံး လူ ၂၀ သေဆုံးတယ်”လို့ သူက ဆိုပါတယ်။ 

လူ ၃၆၀၀၀၀ နီးပါးကို စာသင်ကျောင်းတွေနဲ့ မုန်တိုင်ခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးထားရကြောင်း တာဝန်ရှိသူတွေက ပြောကြပါတယ်။ 

“အိမ်တော်တော်များများက ရေဝင်ရောက်နေတယ်၊ ပြည်သူ ထောင်ပေါင်းများစွာဟာ အနည်းဆုံး သုံးရက်လောက် အပြင်မထွက်နိုင်ဘဲ နေနေခဲ့ရတယ်၊ လမ်းတွေလည်း လုံးလုံး ပိတ်နေတာပေါ့ဗျာ”ဆိုပြီး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ တီပူဆူလတန်က အေအက်ဖ်ပီကို တယ်လီဖုန်းကတစ်ဆင့် ပြောပါတယ်။ 

အခု သီတင်းပတ်အစောပိုင်းမှာ မုန်တိုင်းတွေကြောင့် ကော့ဘဇား ဒုက္ခသည်စခန်းတွေ ပတ်လည်က ရိုဟင်ဂျာ ၁၀၀၀၀ လောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါသေးတယ်။ 

ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုတစ်ရပ် ဖြစ်အပြီးမှာ လော့ဒေါင်းချထားပြီး ဝင်ရောက်ခွင့် ကန့်သတ်ချက်ထားတာဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေအပေါ် သက်ရောက်မှုရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးဝန်ထမ်းတွေက ပြောကြပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly