ဆေးဝယ်ရန်တန်းစီနေသူများကို စစ်ကောင်စီတပ်သားများ လူစုခွဲပြီး ဆေးဆိုင်ပိတ်သွား 

ဆေးဝယ်ရန်တန်းစီနေသူများကို စစ်ကောင်စီတပ်သားများ လူစုခွဲပြီး ဆေးဆိုင်ပိတ်သွား 

ဇူလိုင် ၃၁

ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ ရွှေအိုးဆေးဆိုင်တွင် ဆေးဝယ်ယူရန်တန်းစီနေသည့် ပြည်သူများအား စစ်ကောင်စီတပ်သားများ လာရောက်ဖယ်ရှားခဲ့ကာဆေးဆိုင်ပိတ်သွားသည့်အတွက် လိုအပ်သည့်ဆေးများဝယ်မရဖြစ်ခဲ့ရကြောင်းသိရသည်။ 

ဒီကနေ့ ဇူလိုင်လ ၃၁ ရက် မနက် ၉ နာရီဝန်းကျင်တွင် စစ်ကားတစ်စီး၊ ရဲကားနှစ်စီးနှင့်လာရောက်ကာ အထက်မှခိုင်းသည်ဆိုကာ ပြန်လွှတ်ခဲ့ကြောင်း ဆေးဝယ်ရန်တန်းစီနေသူတစ်ဦးက ကိုပြောသည်။ 

“ဆေးဆိုင် Page ကကြေညာတာတွေ့တော့လူတွေအချို့ဆို မနက် ၄ နာရီလောက်ကတည်က တန်းစီနေကြတာ ကျွန်တော် ၅ နာရီရောက်တာတောင် နံပါတ် ၂၀၀ ကျော်မှာစီရတယ်၊ တစ်မှတ်တိုင်ကျော်တယ်လူတန်းကြီးက ဆိုင်ကစာရင်းကောက်ပြီး ၂၇၀ စာလောက်ရမယ်ဆိုပြီးကျွန်တော်တို့စောင့်နေတုန်း ၉ နာရီလောက်မှာရဲတွေစစ်သားတွေ ရောက်လာပြီး ဆေးဆိုင်ကိုပိတ်ခိုင်းပြီးလူစုခွဲလိုက်တာ” ဟုသူကဆိုသည်။ 

“၆ ပေခွါပြီးစီလဲမရဘူး၊ အထက်ကခိုင်းလိုက်တာ၊ ခင်ဗျားတို့လူစုခွဲရမယ်၊ ပြန်ကြတော့” ဟုစခန်းမှုးဖြစ်ဟန်တူသူ ရဲတစ်ဦးကပြောဆိုနေကြောင်း သတင်းပို့လာသော ရုပ်သံဖိုင်အရသိရသည်။ 

ပြည်သူများ ဝယ်ယူရန်လာရောက်တန်းစီနေသောဆေးမှာ Enoxaparin သွေးကျဲဆေး(အရပ်ခေါ်) ဖြစ်ပြီး မူရင်းဈေးမှာ မြန်မာငွေ ၁၀၀၀၀ ကျပ်ခန့်ရှိသော်လည်း မှောင်ခိုဈေးကွက်တွင် ၆၀၀၀၀ ခန့်ရှိသည်ဟု သိရသည်။ 

လက်ရှိအချိန်တွင် ရန်ကုန်မြို့၌ ထိုဆေးရရှိနိုင်သည့် ဆိုင်မရှိသလောက်ရှားနေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly