စီးပွားရေးချွတ်ခြုံကျနေသည့် ဆီးရီးယားတွင် အခွင့်အလမ်းများ ရှာတွေ့နိုင်ရန် တရုတ် ကြိုးပမ်း

စီးပွားရေးချွတ်ခြုံကျနေသည့် ဆီးရီးယားတွင် အခွင့်အလမ်းများ ရှာတွေ့နိုင်ရန် တရုတ် ကြိုးပမ်း

တရုတ်အစိုးရသည် မြန်ဆန်စွာ ပြိုလဲကျနေသည့် ဆီးရီးယားနိုင်ငံ၏ စီးပွားရေးပိုင်းတွင် အခွင့်အလမ်းတစ်ချို့ ရှာဖွေရန် ကြိုးပမ်းလျက် ရှိသည်။

မကြာသေးခင်က ဆီးရီးယားသမ္မတ ဘာရှာ အယ်လ် အာဆတ်က ၎င်းသာလျင် ဆီးရီးယားနိုင်ငံကို ပြန်လည်တည်ဆောက်နိုင်သည့် တစ်ခုတည်းသော ပုဂ္ဂိုလ်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။

၎င်း၏ ပထမဆုံးသော ပြည်ပဧည့်သည်ဖြစ်သည့် တရုတ်နိုင်ငံခြားရေး၀န်ကြီး ၀မ်ယီက အာဆတ်၏ ပြီးခဲ့သည့် မေလ ရွေးကောက်ပွဲ အနိုင်ရမှုကို ထောက်ခံပေးခြင်းအားဖြင့် အထက်ပါ ပြောကြားချက်ကို အားကောင်းစေခဲ့ပုံ ပေါ်ခဲ့သလို အလုပ်အကိုင်များ စတင်နိုင်‌ရေး ကူညီရန် ရှေ့ကာလတွင် လုပ်ဆောင်သွားမည့် အရာများကို ထုတ်ဖော်ခဲ့ကြောင်း The Guardian က ဖော်ပြသည်။ အာဆတ်အနိုင်ရခဲ့သည့် ဆီးရီးယား၏ မေလရွေးကောက်ပွဲသည် လွတ်လပ်မှု မရှိသလို တရားမျှတမှုလည်း မရှိကြောင်း ဗြိတိန်နှင့် ဥရောပတို့က ထုတ်ဖော်ထားခဲ့ကြသည်။

စစ်ပွဲအလွန် ဆီးရီးယားတွင် တရုတ်၏ ထင်သာမြင်သာမှု အဖြစ်ဆုံး ရင်းနှီးမြှုပ်နှံမှုက အရှေ့အလယ်ပိုင်း၊ အာရှ နှင့် အာဖရိက ဒေသတို့ရှိ ယင်း၏ နည်းဗျူဟာစာအုပ်ကနေ ဖြောင့်ဖြောင့်တန်းတန်း သွားနေခဲ့ပြီး ဒေသ၀င်လမ်းနှင့် ကမ္ဘာလုံးဆိုင်ရာ ကာဗာတစ်ခုအတွက် အပြန်အလှန်အားဖြင့် ပွပေါက်တိုးနိုင်သည့် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ရန်ပင် ဖြစ်သည်ဟု သတင်းစာက ဖော်ပြသည်။

သို့သော် အခြေအနေ အတော်အတန် တည်ငြိမ်နေသည် ဆိုလျင်‌တောင်မှ ဆီးရီးယားအနေဖြင့် ရှေ့လာမည့် နှစ်များတွင် အားရစရာ မကောင်းသည့် အကျိုးအမြတ်များကိုသာ ကမ်းလှမ်းပေးလိမ့်မည်ဟု အကဲခတ်များနှင့် သံတမန်များက ပြောသည်။

ဆီးရီးယား ပြန်လည် တည်ဆောက်ရေးမှာ ယင်းနိုင်ငံ၏ မဟာမိတ်များဖြစ်သော ရုရှားနှင့် အီရန်တို့၏ အစီအစဥ်များအပေါ် အဓိကကျထားခဲ့ပြီး ယခုအခါ တရုတ်အပေါ်တွင်လည်း အဓိကကျလာပြီး ယင်းနိုင်ငံသည် တိုက်ခိုက်မှုများကနေတဆင့် ပါ၀င်ပတ်သက်မှုနည်းပါးပြီး အခွင့်အလမ်းများကိုသာ ရှာဖွေဖော်ထုတ်သည့် မူ၀ါဒတစ်ခုကိုသာ ဆက်လက်ကိုင်ဆွဲထားသည်။ အရှေ့အလယ်ပိုင်းသို့ တရုတ်၏ ၀င်ရောက်လွှမ်းမိုးလုပ်ကိုင်မှုများက ဖြေးဖြေးပုံမှန်ဖြင့် သတိဖြင့် ရှိနေခဲ့ပြီး အီရတ်၏ ရေနံမြေများတွင် ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခြင်း၊ ယူအေအီး၏ အရေးပါသော အခြေခံအဆောက်အအုံများတွင် ရင်းနှီးမြှုပ်နှံခြင်းတို့ကို လုပ်ဆောင်ထားကြောင်း သတင်းစာက ဖော်ပြသည်။

သို့သော် ဆီးရီးယားနှင့်ပတ်သက်ပြီး တရုတ်၏ လုပ်ဆောင်ချက် အရွေ့သည် ညံ့ဖျင်းသော ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ဟု ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောသည်။

“တရုတ်အနေနဲ့ အခြားနေရာတွေကို လှည့်ပတ်ကြည့်ရှုသင့်ပါတယ်” ဟု အရှေ့အလယ်ပိုင်း သံတမန်တစ်ဦးက The Guardian ကို ပြောသည်။ “ဒါက BRI စီမံကိန်း ချဲ့ထွင်မှုတစ်ခု လို့ သူတို ထင်နေကြပါတယ်၊ ဒါပေမယ့် ဒါက အတွေးအထင်မှားမှုတစ်ခုပါပဲ၊ ဆီးရီးယားဟာ သူတို့အတွက် အားရစရာမကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုတစ်ခုပါ” ဟု ၎င်းက ပြောခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်က ဆီးရီးယားသမ္မတ အာဆတ်က ပေကျင်း၏ BRI စီမံကိန်းကို ထောက်ခံအတည်ပြုခဲ့သည်။ အပြန်အလှန်အားဖြင့် ဒမတ်စကပ်အပေါ် အရေးယူဒဏ်ခတ်မှုများ ဖယ်ရှားရေး ၀မ်ယီက တိုက်တွန်းခဲ့သည်။ အာဆတ် အာဏာစွဲကိုင်ထားနေသမျှ ကာလပတ်လုံး ထိုသို့ အရေးယူဒဏ်ခတ်မှု ရုပ်သိမ်းခြင်းမျိုးကို လုပ်ဆောင်ရန် ဥရောပနှင့် အမေရိကန်တို့ဘက်က ဆန္ဒရှိမည်မဟုတ်ဟု သတင်းစာက ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly