ရန်ကုန်ညနေခင်းသပိတ် ဖြိုခွင်းဖမ်းဆီးခံရ

ရန်ကုန်ညနေခင်းသပိတ် ဖြိုခွင်းဖမ်းဆီးခံရ
Photo - News Ambassador

ဇူလိုင် ၃၀

စစ်အာဏာရှင် ပြုတ်ကျရေးအတွက် ရန်ကုန်က လူငယ်တွေ စုပေါင်းပြီးပြုလုပ်တဲ့ ညနေခင်းသပိတ်ဟာ စစခြင်းမှာပဲ လက်နက်ကိုင်ဆောင်ထားတဲ့အရပ်ဝတ်နဲ့ လူတွေရဲ့ ဖြိုခွင်းဖမ်းဆီးခံခဲ့ရပါတယ်။

“တာမွေမှာ ချီတက်လာတဲ့ တကသနဲ့ မြို့နယ်အင်အားစုတွေရဲ့ စစ်ကြောင်းကို အရပ်ဝတ်များက အခုပဲ သေနတ်ပစ်ဖောက်ပြီး ဝင်ရောက်ဖြိုခွင်း ဖမ်းဆီးတယ်လို့သိရပါတယ်။ ဖမ်းဆီးခံရသူတွေရှိပြီး ဘယ်နှယောက်လဲဆိုတာတော့ အတည်ပြုနေပါတယ်။ ထိခိုက်မှုတွေကိုလည်း သေချာမသိရသေးပါဘူး” လို့ တက္ကသိုလ်ကျောင်းသားများ သမ္မဂရဲ့ ဥက္ကဌဖြစ်သူ ကိုမင်းဟန်ထက်က သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

Photo - News Ambassador

ဒီကနေ့ ဇူလိုင်လ ၃၀ရက် ညနေ ၄နာရီခွဲ အချိန်မှာ ရန်ကုန်မြို့ တာမွေ ကျားကွက်သစ်လမ်းမှာ “တိုက်ပိတ်ထားရုံနဲ့ ငြိမ်သွားမယ့်အထဲမှာ အမှန်တရား မပါဘူး” ဆိုတဲ့ ကြွေးကြော်သံနဲ့ ပျောက်ကြားသပိတ်ပြုလုပ်ခဲ့ကြတာပါ။

ဆန္ဒပြသပိတ်စစ်ကြောင်းမှာ အထွေထွေသပိတ်ကော်မတီ GSC၊ ကျောင်းသားသမဂ္ဂများနှင့် မြို့နယ်အထွေထွေသပိတ်ကော်မတီတွေ ပါဝင်ခဲ့ကြပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly