ထောင်နှင့် လျှို့ဝှက်အကျဉ်းစခန်းများတွင် နှိပ်စက်ညှင်းပန်မှုများအတွက် တရုတ်အား ကုသမဂ္ဂက ရှုတ်ချ

ထောင်နှင့် လျှို့ဝှက်အကျဉ်းစခန်းများတွင် နှိပ်စက်ညှင်းပန်မှုများအတွက် တရုတ်အား ကုသမဂ္ဂက ရှုတ်ချ

ပေကျင်း၊ ဒီဇင်ဘာ ၁၀ ။              ။ အကျဉ်းထောင်များနှင့် လျှို့ဝှက်အကျဉ်းစခန်းများတွင် နှိပ်စက်ညှင်းပန်းမှုများ ကျုးလွန်နေခြင်းကို အဆုံးသတ်ရန် တရုတ်နိုင်ငံအား ကုလသမဂ္ဂက တိုက်တွန်းပြောသည်။

ရှေ့နေများအပေါ်နှင့် တက်ကြွလှုပ်ရှားသူများအား ဖြိုခွင်းနေခြင်းများကိုလည်း ရပ်တန့်ရန် ကုလသမဂ္ဂနှိပ်စက်ညှင်းပန်းမှု ဆန့်ကျင်ရေးကော်မတီက တိုက်တွန်းသည်။

နှစ်ရက်တာကြားနာခြင်းအဖြစ် တရုတ်အစိုးရကိုယ်စားလှယ်အဖွဲ့များကို မေးမြန်းခြင်းအားဖြင့် ယခုအစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ကုလသမဂ္ဂ္ဂနှိပ်စက်ညှင်းပန်းမှု ဆန့်ကျင်ရေးကော်မတီ၏ အဓိကထားသည့် ကိစ္စရပ်များအပေါ် ပြုပြင်ပြောင်းလဲမှုများ တိုးမြှင့်ဖော်ဆောင်ခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံဖက်က တစ်နှစ်အတွင်း အစီရင်ခံစာ ပြန်ကြားရန်လည်း ပြောထားသည်။

တရုတ်နိုင်ငံ၏ နှိပ်စက်ညှင်းပန်းမှုများနှင့် ပတ်သက်ပြီး ကြားနာခြင်းကို ၂၀၀၈ ခုနှစ်နောက်ပိုင်း ပထမဆုံး လုပ်ဆောင်ခြင်းဖြစ်ပြီး တရုတ်နိုင်ငံက နိုင်ငံရေးအကျဉ်းသား မရှိကြောင်း ငြင်းဆန်ကာ နှိပ်စက်ညှင်းပန်းမှုများကိုလည်း တားမြစ်ထားပါကြောင်း ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly