တပ်ကြပ်ကြီး/စာရေးတစ်ဦး CDM တွင် ပါဝင်လာ

တပ်ကြပ်ကြီး/စာရေးတစ်ဦး CDM တွင် ပါဝင်လာ

ဇူလိုင် ၃၀

ခန္တီးမြို့ ခလရ (၅၂)မှ တပ်ကြပ်ကြီး/စာရေး တစ်ဦးသည် CDM - Civil Disobedience Movement  တွင် ပူးပေါင်းပါဝင်လာသည်ဟု ဒေသခံ အရပ်ဘက်အရေးဆောင်ရွက်နေသူများကပြောသည်။

“ကျွန်တော်သည် ယခုကဲ့သို့ ပါဝင်ရခြင်းမှာ တပ်မတော်တွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိခြင်းကြောင့် မဟုတ်ဘဲ စစ်အာဏာစနစ်အောက်တွင် လုံးဝ(လုံးဝ) တာဝန်ထမ်းဆောင်လိုခြင်း မရှိသည့်အတွက် တပ်မတော်သားတစ်ယောက်အနေဖြင့် ပြည်သူဘက်မှ ရပ်တည်၍ CDMတွင် ဆက်လက်ပါဝင်သွားမည် ဖြစ်ကြောင်း “ ဇွန်လ ၁၆ရက်နေ့စွဲဖြင့် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်(ကလေး) ကိုပေးပို့တဲ့ စာတွင် ရေးသားထားသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly