မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်ထားပြီဟု ခေါင်းဆောင် ကင်ဂျုံးအွန်ပြော

မြောက်ကိုရီးယားက ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်ထားပြီဟု ခေါင်းဆောင် ကင်ဂျုံးအွန်ပြော

ပြုံယမ်း၊ ဒီဇင်ဘာ ၁၀ ။            ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန်က ၎င်း၏ နိုင်ငံအနေဖြင့် ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်ထားခြင်း မှတ်ချက်စကားတစ်ရပ်ကို ပြောကြားခဲ့ကြောင်း   နိုင်ငံပိုင်မီဒီယာတွင် ဖော်ပြသည်။

နိုင်ငံအနေဖြင့် အက်တမ်ဗုံးနှင့် ဟိုက်ဒရိုဂျင်ဗုံးတို့ကို ဖောက်ခွဲရန် အသင့်ရှိထားကြောင်း ကင်ဂျုံးအွန်၏ ပြောစကားကို KCNA သတင်းဌာနတွင် ဖော်ပြသည်။

ထိုသို့ မှန်ကန်ခဲ့ပါက မြောက်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားပိုင်ဆိုင်ရန် တိကျသည့် တိုးတက်မှုများ ဖြစ်လာမည်ဖြစ်သည်။

သို့သော် အတည်ပြုနိုင်သည့် ပြောကြားချက်မဟုတ်ပဲ ပညာရှင်များကလည်း မြောက်ကိုရီးယား ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်ခြင်းအပေါ် ယုံကြည်ကြခြင်း မရှိပေ။

ကင်ဂျုံးအွန်က ယခုမှတ်ချက်စကားကို ပြုံယမ်းရှိ သမိုင်းဝင် စစ်စခန်းသို့ သွားရောက်စစ်ဆေးစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း၏ အဘိုးဖြစ်သူ ကင်အီဆွမ်းက မြောက်ကိုရီးယားနိုင်ငံ၏ အချုပ်အခြာနှင့် ဂုဏ်သိက္ခာကို ကာကွယ်နိုင်ရေးအတွက် အက်တမ်ဗုံးနှင့် ဟိုက်ဒရိုဂျင်ဗုံး ပိုင်ဆိုင်နိုင်ရေး ကြိုးစားခဲ့ခြင်းများပင်ဖြစ်ကြောင်း ကင်ဂျုံးအွန်က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly