ချင်းပြည်နယ် ပလက်ဝဆေးရုံအုပ်ကြီး ကိုဗစ်-၁၉ ကူးစက်ခံနေရ

ချင်းပြည်နယ် ပလက်ဝဆေးရုံအုပ်ကြီး ကိုဗစ်-၁၉ ကူးစက်ခံနေရ

ပလက်ဝ ၊ ဇူလိုင် ၂၉

ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင်လုံခြုံရေးတာဝန်ယူထားသည့် စကစဗိုလ်မှူးတဦးထံတွင်ကိုဗစ်ပိုးတွေ့ရှိပြီးနောက် ဇူလိုင်လ ၂၈ ရက်နေ့တွင်ထပ်မံစစ်ဆေးတွေ့ရှိချက်အရ မြို့နယ်ဆရာဝန်ကြီးတွင်လည်း ကိုဗစ်-၁၉ ပိုးတွေ့ရှိတယ်လို့သိရသည်။

ပလက်ဝမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့ရှိလူနာ ၂၄၂ဦးရှိနေပြီးပလက်ဝမြို့ပေါ်တစ်ခုထဲတွင်ပိုးတွေ့လူနာ ၁၄၂ဦးရှိနေတာလည်းဖြစ်သည်။

''ကျွန်တော်တို့ပလက်ဝဒေသမှာတော့ နေ့စဉ်ကို တိုးနေတာပဲ၊အခုထိမထိန်းနိုင်သေးဘူး။ ပလက်ဝမြို့နယ်ကအခြားမြို့တွေနဲ့မတူတာက အရမ်းကျယ်ပြန့်တော့ ဝင်ပေါက်တွေကအရမ်းများတယ်။အခုဆို ကျောက်တောဘက်ခြမ်း ရေလမ်းကပိတ်ထားတယ်ဆိုပေမယ့် ခိုးဝင်လာတဲ့သူတွေလည်းရှိတယ်၊ တောလမ်းကနေလာတဲ့သူတွေလည်းရှိနေတယ်။ သူတို့ကျတော့မစစ်နိုင်တော့မြို့ပေါ်မှာ တော်တော်လေးပြန့် နေတာပေါ့အခု ပလက်ဝဆေးရုံမှာ ကျန်းမာရေးဝန်ထမ်းမလုံလောက်တဲ့ကြားထဲဆရာဝန်ကြီးကိုယ်တိုင် ပိုးတွေ့တော့ပိုဆိုးသွားတာပေါ့'' ဟု ပလက်ဝဒေသခံတစ်ဉီးကပြောသည်။

ပလက်ဝမြို့ပေါ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ စစ်တပ်အရာရှိအချို့နဲ့ ရဲတပ်ဖွဲ့ဝင်အချို့တို့ထံတွင် ကိုဗစ်ကူးစက် ခံနေရပြီး၊လက်ရှိပလက်ဝမြို့ပေါ်တွင်ပိုးတွေ့လူနာ ၂၄၂ ဦးရှိသည့်အနက် ပြန်လည်ကောင်းမွန်လာသူ ၁၀၇ ဦးရှိပြီး၊ကုသနေဆဲလူနာ၁၃၄ဦးရှိကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly