သပိတ်ကျင်းမြို့ အရှေ့တောင်ဘက်ကို ဗဟိုပြု၍ မြေငလျင် လှုပ်

သပိတ်ကျင်းမြို့ အရှေ့တောင်ဘက်ကို ဗဟိုပြု၍ မြေငလျင် လှုပ်

ဇူလိုင် ၂၉

မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့ အရှေ့တောင်ဘက် ၅မိုင်အကွာကို ဗဟိုပြုပြီး မြေငလျင် တစ်ခု လှုပ်ရှားခဲ့ပါတယ်။

ဒီကနေ့ ဇူလိုင်လ ညနေ ၃ နာရီကျော် အချိန်က မြောက်လတ္တီတွဒ် (၂၂.၈၄)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆. ၀၅)ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)စတာစကေး (၆.၃) အဆင့်ရှိ အင်အားပြင်းထန်တဲ့ မြေငလျင် လှုပ်ရှားခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

မန္တလေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နေရာတွေမှာ သိသိသာသာ လှုပ်ခပ်ခဲ့တာပါ။

ထိုင်းမိုးလေဝသဌာနကတော့ ရစ်(ခ်)စတာစကေး (၅.၆) အဆင့်ရှိ အသင့်အတင့်ရှိတဲ့ မြေငလျင်လှုပ်ရှားသွားတယ်လို့ ထုတ်ပြန်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly