ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ကို စိတ်မချခြင်းကြောင့် စီးပွားရေးစင်္ကြံကို တရုတ်တို့ ကိုယ်တိုင် ကာကွယ်နေရ

By thesingaporepost.com
29 July 2021
ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့ကို စိတ်မချခြင်းကြောင့် စီးပွားရေးစင်္ကြံကို တရုတ်တို့ ကိုယ်တိုင် ကာကွယ်နေရ

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) တွင် ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့၏ လုံခြုံရေးစွမ်းရည်ကို တရုတ်နိုင်ငံက စိတ်မချခြင်းကြောင့် ထိုစီးပွားရေးစင်္ကြံကို တရုတ်တို့ ကိုယ်တိုင် ကာကွယ်နေရသည်။

တရုတ်-ပါကစ္စတန်စီးပွားရေးစင်္ကြံ(CPEC) စီမံကိန်းတစ်ခုတွင် အလုပ်လုပ်နေသော တရုတ်အမျိုးသား တစ်ဦးသည် မိမိရှေ့တွင်ရှိသော တောင်၏ မြေအနေအထားကို လေ့လာစဉ် AK-7 သေနတ် ကိုင်ဆောင်ထားသောဓာတ်ပုံသည် အင်တာနက်တွင် လျှင်မြန်စွာပျံ့နှံ့သွားခဲ့သည်။

အဆိုပါ ဓာတ်ပုံတွင် မျက်မှန်တတ်ထားပြီး အနက်ရောင်တီရှပ်ဝတ်ထားသည့် တရုတ်လူမျိုးတစ်ဦးကို တွေ့မြင်ရသည်။

သူက ရိုင်ဖယ်သေနတ်ကို လက်ဝဲဘက်တွင် ကိုင်ထားပြီး မြေတိုင်းကိရိယာဖြစ်ပုံရသည့် ကိရိယာဖြင့် အလုပ်လုပ်နေသည်။

ဓာတ်ပုံရရှိသည့် ရင်းမြစ်ကို မသိရသေးသော်လည်း လုံခြုံရေးအရ အရေးပေါ်အခြေအနေကိစ္စအပြင် သတင်းဖြန့်ချိရန်အတွက် တရုတ်၏ ကြိုပမ်းမှုအစိတ်အပိုင်းတစ်ခုဖြစ်နိုင်ပြီး အိမ်ရှင်ပါကစ္စတန်၏ လုံခြုံရေးအစီအစဉ်များအပေါ် အားမရကြောင်းကိုလည်း ဖော်ပြချက်ဖြစ်နိုင်ကြောင်း သံတမန်အသိုင်းအဝိုင်းက ပြောကြားခဲ့သည်။

သို့သော် တရုတ်ဝန်ထမ်းများ၏ လက်နက်ကိုင်ခြင်းက လုံခြုံရေးအစီအမံများကို ရှုပ်ထွေးစေနိုင်ပြီး လုပ်ငန်းခွင်တွင် ထိပ်တိုက် ရင်ဆိုင်မှုဖြစ်ပေါ်စေနိုင်သည်။

တရုတ်က အင်အား ၁၅၀ဝ စီရှိသော အထူးလုံခြုံရေးတပ်ခွဲ(SSDs) ၂ ခွဲ ဖြစ်သည့် အမှတ် ၃၄ နှင့် ၄၄ ခြေလျင်တပ်ခွဲများ ဖွဲ့စည်းရန်၊ လေ့ကျင့်ရန်နှင့် လက်နက်တပ်ဆင်ရန်အတွက် ငွေအမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့သည်။

အမှတ် ၃၄ ခြေလျင်တပ်မကို ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင်ဖွဲ့စည်းခဲ့ကာ ၃၄ နှင့် ၄၄ ခြေလျင်တပ်မကို ၂၀၂၀ ပြည့်နှစ်တွင် တည်ထောင်ခဲ့သည်။

ပါကစ္စတန်စစ်တပ်က ယင်းတပ်ခွဲများအတွက် လက်နက်တပ်ဆင်ရန်ရန်ပုံငွေများ ထပ်မံတောင်းခံခဲ့သည်။

သို့သော် တရုတ်များက ပါကစ္စတန်သည် ၎င်းတို့၏ တာဝန်များကို မထမ်းဆောင်နိုင်ခြင်းကြောင့် သူပုန်များ၏ တိုက်ခိုက်မှုများခံနေရသည်ဟု ယုံကြည်ထားသည်။

တရုတ်နှင့် ပါကစ္စတန်လုံခြုံရေးတပ်ဖွဲ့များအကြား အဓိကရုဏ်း ဖြစ်လုနီးပါး အခြေအနေများ အကြိမ်ပေါင်းများစွာ ဖြစ်ပွားခဲ့ပြီး အကျည်းတန်စေသည့် ထိုးကြိတ်သောရန်ပွဲများပင် ဖြစ်ခဲ့ကြသည်။

ဇူလိုင်လ ၁၄ ရက်က တရုတ်လူမျိုး ၁၀ ဦး သေဆုံးခဲ့ပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ် သမားများနှင့် အင်ဂျင်နီယာများကို တင်ဆောင်လာသောဘတ်စ်ကားတစ်စီးအား တိုက်ခိုက်ခံရမှုအပြီးတွင် အဆိုပါ ဓာတ်ပုံ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပါကစ္စတန်က အင်ဂျင်ချို့ယွင်းမှုကြောင့်ဖြစ်ပွားခဲ့သည့် လမ်းဘေးယာဉ်တိုက်မှုအဖြစ်ကနဦး ကြေညာခဲ့ သော်လည်း အခင်းဖြစ်ပွားရာနေရာတွင် ပေါက်ကွဲခဲ့သည့် သဲလွန်စများတွေ့ရှိပြီးနောက် ပြောင်းလဲ ထုတ်ပြန်ခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required