အိန္ဒိယနိုင်ငံ ဂျမူးတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အိန္ဒိယ - တိဘက်နယ်စပ်ရဲတပ်ဖွဲ့က လုပ်ဆောင်

အိန္ဒိယနိုင်ငံ ဂျမူးတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အိန္ဒိယ - တိဘက်နယ်စပ်ရဲတပ်ဖွဲ့က လုပ်ဆောင်

အိန္ဒိယနိုင်ငံ ဂျမူးမြို့၊ ရာဂျစ်နာဂါဒေသတွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေလွှမ်းမိုးမှုကြောင့် အိမ်များဒါဇင်နှင့်ချီ ပျက်စီးခဲ့ရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများကို ဇူလိုင်လ ၂၆ရက်က အိန္ဒိယ - တိဘက်နယ်စပ်ရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း အိန္ဒိယ - တိဘက်နယ်စပ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။ 

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေမြောင်းစနစ်ပိတ်ဆို့သွားသဖြင့် ဂျမူးမြို့ရှိ ဒိုဒါဘာစတီနှင့် ဘီလီချာရီနာ ဒေသများရှိ နေအိမ်များအတွင်းသို့ ရေများဝင်ရောက်လာကြောင်း အိန္ဒိယ - တိဘက်နယ်စပ်ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်

ရေများက နေအိမ်များအတွင်းသို့ ဝင်ရောက်လာသဖြင့် အကြီးအကျယ်ပျက်စီးခဲ့ရကြောင်း ဒေသခံများက ဆိုသည်။

ထို့အပြင် မြို့၏ နေရာအတော်များများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုများလည်း ဖြစ်ပွားခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly