ရေနံထွက်ကုန်များမှ ရရှိသည့် အခွန်ငွေ ရူပီး ၃၄သန်းမှ အများစုကို ကာကွယ်ဆေးနှင့် နွမ်းပါးသူများအတွက် အိန္ဒိယအစိုးရ သုံးစွဲခဲ့

ရေနံထွက်ကုန်များမှ ရရှိသည့် အခွန်ငွေ ရူပီး ၃၄သန်းမှ အများစုကို ကာကွယ်ဆေးနှင့် နွမ်းပါးသူများအတွက် အိန္ဒိယအစိုးရ သုံးစွဲခဲ့

အိနိ္ဒိယအစိုးရအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပြည်တွင်းမှရှိသည့် အခွန်နှင့် ရေနံထွက်ကုန်များမှ ရရှိခဲ့သော အထူးအခွန် ရူပီး ၃၄သန်းမှ ပမာဏ အများစုကို ကာကွယ်ဆေးအခမဲ့ထိုးရန်နှင့်ချို့တဲ့နွမ်းပါး ချို့တဲ့သူများအတွက် ဝန်ကြီးချုပ်မိုဒီ ထူထောင်ထားသည့် Pradhan Mantri Garib Kalyan Yojana အစီအစဉ်မှတစ်ဆင့် အကူအညီလိုအပ်သူ ကုဋေ ၈၀ သို့ ၂၀၂၀ပြည့်နှစ် ဧပြီ-နိုဝင်ဘာမှ မေ-ဇွန် ယခုနှစ်ကာလအတွင်း ပံ့ပိုးပေးခဲ့ကြောင်း ရေနံဝန်ကြီး ဟာဒိပူရီက အောက်လွှတ်တော်သို့ ဇူလိုင် ၂၆ ရက်က ပြောကြားခဲ့သည်။

“ဗဟိုအစိုးရက မတ်လ ၃၁ ရက်မှာ ကုန်ဆုံးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်း အခွန်/အထူးအခွန်တွေအနေနဲ့ ရေနံကဏ္ဍကနေ ရူပီး ၁၀၁ ၅၈၉ ကုဋေ၊ ဒီဇယ်ကနေ ရူပီး ၂၃၃ ၂၉၆ အသီးသီး ကောက်ယူရရှိခဲ့ပါတယ်” ဟု မေးမြန်းမှုတစ်ခုကို ပူရီက စာဖြင့် ရေးသားဖြေဆိုခဲ့သည်။

ပြည်နယ်များက ရေနံနှင့် ဒီဇယ်အပေါ်တွင် အခွန်တိုးမြှင့် ကောက်ခံခဲ့သဖြင့် ၎င်းတို့၏ ဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း ဝန်ကြီးက ပြောကြားသည်။ မာဓရာပရာဒေ့ရှ်ပြည်နယ်တွင် ရေနံအပေါ် အခွန်ကောက်ယူမှု အများဆုံးဖြစ်ခဲ့ပြီး ရာဂျက်စတန်တွင် ဒီဇယ်အပေါ် အခွန်အမြင့်ဆုံး ကောက်ခံခဲ့ကြောင်းလည်း ၎င်းက ပြောကြားသည်။

ဗဟိုနှင့် ပြည်နယ်အစိုးရ ၂ ခုစလုံးတွင် အခွန်ငွေသည် ရေနံလက်လီရောင်းဈေး၏ ၅၅ ရာခိုင်နှုန်းနှင့် ဒီဇယ်၏ ၅၀ ရာခိုင်နှုန်းဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly