ခင်ဦးနယ်သား ပျူစောထီးအဖွဲ့နယ်ခံခေါင်းဆောင်ဆိုသူ အသတ်ခံရ

ခင်ဦးနယ်သား ပျူစောထီးအဖွဲ့နယ်ခံခေါင်းဆောင်ဆိုသူ အသတ်ခံရ

ဇူလိုင် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ ကုန်းကြီးကျေးရွာမှ ပျူစောထီးအဖွဲ့နယ်ခံခေါင်းဆောင်ဆိုသူ အသက် ၄၈ နှစ်အရွယ် ဦးမင်းမော် အသက်ခံရကြောင်းသိရသည်။ 

ဇူလိုင်လ ၂၈ ရက်၊ ညနေ ၅ နာရီခွဲအချိန် ကုန်းကြီးကျေးရွာနှင့် ခြေမြစ်ရင်းကျေးရွာကြားတွင် သေနတ်ဒဏ်ရာ ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းဒေသခံတစ်ဦးက မဇ္ဈိမကိုပြောသည်။ 

“သူဆိုင်ကယ်နဲ့ဘယ်ကိုသွားတာလဲမသိဘူး၊လမ်းမှာအသတ်ခံရတာ၊ပုံထဲမှာတော့ လက်တစ်ဖက်လဲပြတ်နေတယ်၊ သူက အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ အဆက်သွယ်ရှိနေပြီး ရိက္ခာ ထောက်ပံ့တာတွေလုပ်တယ်၊နောက် "PDF အဖွဲ့များ မည်သူဆိုတာ သိရှိပါက လူကိုသာပြပါ ငါရှင်းပါ့မယ်" လို့ပြောတဲ့သူ ဟုဆိုသည်။ 

သေဆုံးသူ ဦးမင်းမော်သည် ခင်ဦးမြို့နယ် အရှေ့ခြမ်းနယ်များတွင် စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့နှင့်ပူးပေါင်းကာ တရားမဝင်လောင်းကစားလုပ်ငန်းများ လုပ်ဆောင်နေကြောင်းဒေသခံကဆိုသည်။ 

“သူကချဲဒိုင်တွေဆီက ရဲကြေးလိုက်ကောက်တယ်၊  ရွာမှာကျောင်းဖွင့်ရင်လဲ သူနဲ့အပေါင်းအပါတွေက ကျောင်းကိုလုံခြုံရေးယူပြီးနေတယ် ကြက်ဝိုင်းတွေလဲ တစ်ပတ်တစ်ခါလိုလိုလုပ်ရင် သူကနေရာရှာပေးရတယ် ကြက်ဝိုင်းကနေအကောက်ကောက်ပီး ခင်ဦး ရဲစခန်းကိုပို့ပေးတယ်” ဟုသေခံကပြောသည်။ 

သေဆုံးနေသူ ဦးမင်းမော်၏ ရုပ်အလောင်းကို ခင်ဦးမြို့မရဲစခန်းက ရဲသားများနှင့် စစ်ကောင်စီတပ်သားများ လာရောက်သယ်ဆောင်သွားကာ သေနတ်သုံးချက်ဖောက်သွားကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly