ပထမဆုံးသော ‘သန့်ရှင်းသည့်’ စီးပွားဖြစ် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် တရုတ် စီစဥ◌်

ပထမဆုံးသော ‘သန့်ရှင်းသည့်’ စီးပွားဖြစ် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်ရန် တရုတ် စီစဥ◌်

သိုရီယမ်အရည်နှင့် အရည်သွန်းထားသော ဆားအရည်တို့ကို အသုံးပြုသည့် ပထမဆုံးသော ‘သန့်ရှင်းသည့်’ စီးပွားဖြစ် နျူကလီးယားဓာတ်ပေါင်းဖို တည်ဆောက်မည့် အစီအစဥ်များကို တရုတ်က ထုတ်ဖော်ထားခဲ့ကြောင်း LiveScience ၀က်ဘ်ဆိုဒ်က ဖော်ပြသည်။

ပထမဆုံးသော ရှေ့ပြေးပုံစံ ဓာတ်ပေါင်းဖိုသည် သြဂုတ်လတွင် အဆင်သင့်ဖြစ်နိုင်ပြီး ပထမဆုံး စမ်းသပ်မှုများကို စက်တင်ဘာတွင် လုပ်ဆောင်ရန် ရှိသည်။ အပြည့်အ၀ အတိုင်းအတာဖြစ်သည့် စီးပွားဖြစ် ဓာတ်‌ပေါင်းဖိုသည် ၂၀၃၀ ပြည့်နှစ်တွင် အဆင်သင့်ဖြစ်နိုင်ကြောင်း သိရသည်။

နည်းပညာသည် သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်စေခြင်း မရှိသင့်ရုံတင်မက အချို့သော နိုင်ငံရေး အငြင်းပွားမှုများကိုလည်း လျော့ပါးစေသင့်သည်။ သမားရိုးကျ ယူရေနီယံ ဓာတ်ပေါင်းဖိုများသည် နှစ်ပေါင်း ၁၀,၀၀၀ ကြာအထိ အလွန့်အလွန် ရေဒီယိုသတ္တိကြွမှု ဆက်ရှိနေစေမည့် စွန့်ပစ်ပစ္စည်းများကို ထုတ်လုပ်ပြီး ခဲကွန်တိန်နာများနှင့် ကျယ်ပြန့်သည့် လုံခြုံရေးတို့ ရှိစေရန်လည်း လိုအပ်သည်။ စွန့်ပစ်ပစ္စည်းများထဲတွင် နျူကလီးယားလက်နက်များအတွက် အရေးပါသော အိုင်ဆိုတုပ် တစ်ခုဖြစ်သည့် ပလူတိုနီယမ်-၂၃၉ လည်း ပါ၀င်သည်။ ယင်းတို့သည် ချာနိုဘိုင်းလ် ဖြစ်စဥ်တွင် မြင်တွေ့ခဲ့ရသလို ယိုစိမ့်မှုတစ်ခု ဖြစ်သည့်အခါ သိသာ ထင်ရှားသော ရေဒီယိုသတ္တိကြွမှု လယ်ဗယ်များကို ယိုဖိတ်စေမည့် အန္တရာယ်များလည်း ရှိသည်။ ယင်းတို့သည် ရေပမာဏ အများအပြား လိုအပ်သည် ဖြစ်ရာ မိုးနည်းခြောက်သွေ့သော ရာသီဥတုများတွင် အသုံးပြုခြင်းကို ထည့်မတွက်ဘဲ ဖယ်ထုတ်ထားရသည်။

သို့သော် သိုရီယမ် ဓာတ်ပေါင်းဖိုများသည် ယင်းတို့၏ အဓိက ဒြပ်စင်ကို ဖလူအိုရွိုက်ဒ် ဆားအဖြစ် အရည်ပျော်စေပြီး ယင်းက အများအားဖြင့် ယူရေနီယမ်-၂၃၃ ကို ထုတ်လုပ်ပေးရာ သင့်အနေဖြင့် အခြားသော ဓာတ်ပြုမှုများကနေတဆင့် recycle လုပ်နိုင်သည်။ ဓာတ်ပြုမှုများတွင်းရှိ အခြား အကြွင်းအကျန်များသည် နှစ် ၅၀၀ မျှ၏ သက်တမ်း၀က်တစ်ခု သာ ရှိရာ ယင်းတို့သည် ကြီးကျယ်အံ့သြဖွယ် မဖြစ်ဘဲ အတော်ပင် ပိုမိုဘေးကင်းစိတ်ချရနိုင်သည်။ အကယ်၍ ယိုစိမ့်မှုတစ်ခု ရှိလျင် ဆားအရည်က သိုရီယမ်ထဲတွင် ထိရောက်စွာ အလုံပိတ်ဖြစ်စေသည်အထိ လုံလောက်စွာ

အေးသွားမည်ဖြစ်ပြီး သိသာထင်ရှားသော ယိုစိမ့်မှုများ မဖြစ်အောင် တားဆီးပေးသည်။ နည်းပညာသည် ရေ မလိုအပ်သလို နျူကလီးယား လက်နက်များ ထုတ်လုပ်ရန်အတွက်လည်း အလွယ်တကူ အသုံးမပြုနိုင်ပေ။ သင့်အနေဖြင့် အဆိုပါ ဓာတ်ပေါင်းဖိုများကို မြို့ကြီးအများစုမှ အတော်အလှမ်းဝေးကွာသည့် ကန္တာရများထဲတွင် တည်ဆောက်နိုင်သည် ဖြစ်ရာ နျူကလီးယား လက်နက်သိုမှီးပစ္စည်းများ ပေါင်းထည့်မည် ဆိုသည့် စိုးရိမ်ပူပန်မှုများကိုလည်း ရှိစေမည် မဟုတ်ပေ။

တရုတ်သည် နိုင်ငံ၏ ကန်းစုပြည်နယ်ရှိ သဲကန္တာရ မြို့တစ်မြို့ဖြစ်သော ၀ူဝေ တွင် ပထမဆုံးသော စီးပွားဖြစ် ဓာတ်ပေါင်းဖိုတစ်ခုကို တည်ဆောက်နေသည်။ တာ၀န်ရှိသူများက ယင်းကို တရုတ်၏ နိုင်ငံတကာ ချဲ့ထွင်မှုပိုင်းကို အားပေးမြှင့်တင်နိုင်မည့် နည်းလမ်းတစ်ခုအဖြစ် ရှုမြင်နေပြီး ယင်းသည် “ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း” ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွင် ပါ၀င်နေသော နိုင်ငံများတွင် အရေအတွက် ၃၀ အထိ စီစဥ်ထားသည်။ သီအိုရီပိုင်းအရ တရုတ်သည် နျူကလီးယားလက်နက် တစ်ဟုန်ထိုး တိုးပွားမှုအတွက် အကြောင်းခံခြင်း မရှိဘဲ ယင်း၏ နိုင်ငံရေး လွှမ်းမိုးမှုကို တိုးချဲ့နိုင်သည်။

ယင်းက သိုရီယမ် ဓာတ်ပေါင်းဖိုများနှင့်ပတ်သက်ပြီး နောက်ကွယ်တွင် ရှိနေသော အမေရိကန်နှင့် အခြားသော နိုင်ငံရေးယှဥ်ပြိုင်ဘက်များအတွက် စိုးရိမ်ပူပန်စရာ ဖြစ်ကောင်း ဖြစ်နိုင်သည်။ ဥပမာအားဖြင့် အမေရိကန် အခြေစိုက် Natrium ဓာတ်‌ပေါင်းဖိုသည် ဖော်ဆောင်ဆဲ အဆင့်တွင် ရှိနေသည်။ သို့ပေသော်ငြား ယင်းက ရာသီဥတု ပြောင်းလဲမှု တိုက်ဖျက်ရေး နှင့် ၂၀၆၀ တွင် carbon neutral (ကာဗွန်ထုတ်လုပ်မှုကင်းမဲ့မှု) ဖြစ်လာရေး တရုတ်၏ ရည်မှန်းချက် ပြည့်မီရေးတို့ဆီသို့ ရောက်ရှိရန် ရှည်လျားသည့် လမ်းတစ်ခုကို သွားရကောင်း သွားရနိုင်သည်။ နိုင်ငံသည် ကျောက်မီးသွေး စွမ်းအင်ကို အလွန်အကျွံမှီခိုနေရဆဲဖြစ်သလို ပြန်လည် ပြည့်ဖြိုးမြဲ ရင်းမြစ်များကလည်း လိုအပ်ချက်ကို ယင်းတို့ဘာသာ အမှီလိုက်နိုင်ရန် အာမခံချက် မရှိပေ။ သိုရီယမ် ဓာတ်ပေါင်းဖိုများက တရုတ်နိုင်ငံကို ကျောက်မီးသွေးကနေ အ‌တော်အသင့် လျင်မြန်စွာ ဖြတ်တောက်နိုင်ရန် ကူညီပေးနိုင်မည် ဖြစ်ကာ အထူးသဖြင့် တိုတောင်းသည့် အချိန်ကာလများအတွင်း တည်ဆောက်နိုင်ပြီး ဟာကွက်များကို ဖြည့်နိုင်မည့် အရွယ်အစားသေး ဓာတ်ပေါင်းဖိုများ ဖြစ်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly