ဘဏ္ဍာရေးအကျပ်အတည်းကို အိန္ဒိယကြုံရနိုင်ကြောင်း Global Times ဖော်ပြ

ဘဏ္ဍာရေးအကျပ်အတည်းကို အိန္ဒိယကြုံရနိုင်ကြောင်း Global Times ဖော်ပြ

တရုတ်အစိုးရ၏ အာဘော်ဖြစ်သည့် Global Times က အိန္ဒိယသည် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံတွေ့ရနိုင်သည်ဟု စိုးရိမ်ထိတ်လန်စေရန် လှုံ့ဆော်မှုတစ်ခုအနေဖြင့် ဖော်ပြခဲ့သည်။

Global Times က ဒေသဆိုင်ရာအစိုးရများကိုလည်း သတိထားနေရန် သတိပေးခဲ့သည်။

၁၉၉၇ခုနှစ်က ထိုင်းနိုင်ငံတွင် အာရှဘဏ္ဍာရေးအကျပ်အတည်းသည် စတင်ခဲ့ပြီး အိန္ဒိယတွင် အလားတူအကြပ်အတည်းမျိုး ကြုံတွေ့ရကာ ဒေသတွင်းဘဏ္ဍာရေးဈေးကွက်များကို ပိုမိုဆိုးရွားသည့် အခြေအနေသို့ ရောက်ရှိစေနိုင်ကြောင်းလည်း ဖော်ပြထားသည်။

ဒေသတွင်းအစိုးရများအနေဖြင့် ပိုမိုဆိုးရွားလာနေသည့် ကျန်းမာရေးနှင့် စီးပွားရေးအကြပ်အတည်းများကို ကောင်းမွန်လာစေရန် အလျင်အမြန်လုပ်ဆောင်ရန်လိုအပ်သည်ဟု Global Times တွင် ရေးသားထားသည်။

တရုတ်အာဘော်ဖြစ်သော Global Times က အိန္ဒိယ၏ အလားအလာများကို ဖုံးကွယ်ရန်ကြိုးပမ်းသည့်အနေဖြင့် အိန္ဒိယဗဟိုဘဏ်က ငွေကြေးမူဝါဒကို ပြောင်းလဲလိုက်သည်နှင့်အမျှ အိန္ဒိယ၏ စီးပွားရေးသည် ကြွေးမြီထောင် ချောက်အတွင်း ကျဆင်းသွားပြီး ဒေါ်လာရှားပါးမှုနှင့် ကြုံတွေ့ရနိုင်သသည့် စိုးရိမ်မှုများ တိုးပွားလျက်ရှိကြောင်း ဖော်ပြခဲ့သည်။

Global Times သည် အိန္ဒိယကို အဆိုးအမြင့်ဖြင့် ရေးသားဖော်ပြလေ့ရှိပြီး မကြာသေးမီက အိန္ဒိယ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍကို ဝေဖန်အပြစ်တင်ခဲ့သည်။

အိန္ဒိယအစိုးရသည် ကုန်ထုတ်စွမ်းအားတစ်ခုဖြစ်လာရန် ဗလာသက်သက်ဖြင့် ရည်မှန်းချက်ထားနေပြီး တိုးတက်မှုမှာ အကန့်အသတ်သာရှိနေသည်။

မည်သို့ပင်ဆိုစေကာမူ ကုန်ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းစဉ်ကာလအတွင်း အိန္ဒိယစီးပွားရေးသည် အနောက်တိုင်းအရင်းအနှီးများ စဉ်ဆက်မပြတ်စီးဆင်းမှုကို တစ်ဖြည်းဖြည်း မှီခိုလာရသောကြောင့် အန္တရာယ်များတိုးပွားလာနေသည်။

အိန္ဒိယ၏ စီးပွားရေးအခက်အခဲများနှင့် စပ်လျဉ်းသည့် အခြား လက္ခဏာများတွင် အိန္ဒိယ အိမ်ထောင် စုများ၏ ၉၇ ရာခိုင်နှုန်းခန့်သည် ဝင်ငွေကျဆင်းသွားခြင်းနှင့် ၂၀၂၁ခုနှစ်အတွင်း ရူပီးငွေတန်ဖိုး ကျရိပ်ရှိနေကြောင်းကိုလည်း Global Times ထပ်လောင်း ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly