မန္တလေးမြို့မှာ အုပ်စုဖွဲ့ လုယက်သူတွေ သောင်းကျန်းနေ

By နွေဦးအောင်
28 July 2021
မန္တလေးမြို့မှာ အုပ်စုဖွဲ့ လုယက်သူတွေ သောင်းကျန်းနေ
ပုံစာ-မန္တလေးမြို့မှာ ဇူလိုင် ၂၄ရက်က ဖြစ်ပွားခဲ့တဲ့ အနုကြမ်းဝင်စီးမှုအဖွဲ့ထဲက တစ်ဦးကို ဖမ်းဆီးထားပုံ

ဇူလိုင် ၂၈

အခုရက်ပိုင်းအတွင်း မန္တလေးမြို့မှာ အုပ်စုဖွဲ့ လုယက်တာ တွေ မကြာခဏ ဖြစ်ပေါ်နေတဲ့အတွက် မြို့လူထုမှာ စိုးရိမ်နေကြပါတယ်။

"ခဏ ခဏဖြစ်လာတော့ ကြောက်လာတယ်။ကျန်းမာရေး ကိစ္စဆိုတော့ ထွက်နေရတာပဲ။မလုံခြုံတာတော့ သေချာတယ်။"လို့ ကျန်းမာရေးကြောင့် သွားလာဖို့ ခက်ခဲနေသူတွေကို ဆေးဝါးကူညီနေတဲ့သူ တစ်ဦးကပြောပါတယ်။

ဇူလိုင် ၂၇ရက်၊ည ၇နာရီလောက်က မင်္ဂလာမန္တလေးနဲ့တရုတ်ကောင်စစ်ဝန်ရုံးအနီးမှာ လူနာတွေထံ ဆေးဝါးနဲ့အစားအသောက်တွေပို့ဆောင်သွားတဲ့ ဆိုင်ကယ်တစ်စီးကို ဆိုင်ကယ် ၆စီး လူ၁၁ ဦးပါတဲ့အုပ်စုက အကြမ်းဖက် ဓါးထောက်လုယက်သွားပါတယ်။

လုယက်ခံရသူက ပတ်ဝန်းကျင်ကို အကူအညီတောင်းတဲ့အတွက် အသက်ဘေးကလွတ်ခဲ့ပေမယ့် လက်တော့၊ဖုန်း စတာတွေပါတဲ့ ကျောပိုးအိတ် လုယူခံခဲ့ရပါတယ်။

"အလုခံရလို့လည်း ဘယ်သူ့တိုင်းရမှန်းမသိဘူး။လုရုံလုကြတာမဟုတ်ဘူး။အသက်အန္တရာယ်ပါပြုကြတာဆိုတော့ တရားလွန်းတယ်။အခုဆို သမီးတို့ တစ်ယောက်တည်း အလုပ်မသွားရဲတော့ဘူး။စုသွားရတယ်။"လို့ ကုမ္ပဝန်ထမ်းတစ်ဦးကပြောပါတယ်။

ဇူလိုင် ၂၆ရက်နေ့ကလည်းအလားတူဖြစ်စဥ်မျိုး လမ်း၃၀ ဆေးဆိုင်တစ်ဆိုင်ရှေ့မှာ ဖြစ်ပွားခဲ့ပြီး ဒီလထဲမှာပဲ နေ့ခင်းဘက် အနုကြမ်းဝင်စီးတာ ဆိုင်ကယ်လုတာတွေကလည်း ရက်ဆက် နေ့တိုင်း နီးပါး ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ လက်နက်ကိုင်အဖွဲ့က အရပ်ဝတ်အပါအဝင် ပုံစံအမျိုးမျိုးနဲ့စောင့်ကြည့်နေတဲ့ကြားက အခုလို အုပ်စုဖွဲ့ လုယက်ခံနေရတာလည်းဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly