ရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းတာဟာ နိုင်ငံရေးအကျပ်အတည်းကို ပိုဆိုးစေနိုင်တယ်လို့ ANP ထုတ်ပြန်

ရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းတာဟာ နိုင်ငံရေးအကျပ်အတည်းကို ပိုဆိုးစေနိုင်တယ်လို့ ANP ထုတ်ပြန်

ဇူလိုင် ၂၈

၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီး ရလာဒ်ကို ဖျက်သိမ်းလိုက်တာဟာ နိုင်ငံရေးအကျပ်အတည်းကို ပိုမိုဆိုးဝါးသွားစေနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ (ANP) က မနေ့က ဇူလိုင်လ ၂၇ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာထားပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်ကို ဖျက်သိမ်းကြောင်း အာဏာသိမ်း စစ်ကောင်စီခန့် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာထားတာပါ။

အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေကရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူ့အာဏာကို လူတစ်ခုရဲ့တရားမဝင်အမိန့် ထုတ်ပြန်ရုံမျှနဲ့ ချေဖျက်နိုင်ခြင်းမရှိကြောင်း CRPH ကလည်း မနေ့က ဇူလိုင်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly