ပြည်သူ့အာဏာကို လူတစ်စုရဲ့တရားမဝင်အမိန့်နဲ့ မချေဖျက်နိုင်ဘူးလို့ CRPH ထုတ်ပြန်

ပြည်သူ့အာဏာကို လူတစ်စုရဲ့တရားမဝင်အမိန့်နဲ့ မချေဖျက်နိုင်ဘူးလို့ CRPH ထုတ်ပြန်

ဇူလိုင် ၂၇

အချုပ်အခြာအာဏာရဲ့ မူလပိုင်ရှင်ဖြစ်တဲ့ ပြည်သူတွေကရွေးကောက်တင်မြှောက်ခဲ့တဲ့ ပြည်သူ့အာဏာကို လူတစ်ခုရဲ့တရားမဝင်အမိန့် ထုတ်ပြန်ရုံမျှနဲ့ ချေဖျက်နိုင်ခြင်းမရှိကြောင်း CRPH ကထုတ်ပြန်လိုက်ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ရလဒ်တွေကိုပယ်ဖျက်ကြောင်း စစ်ကောင်စီရဲ့ ကြေညာချက်အပေါ် တုံ့ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတယ်ဆိုတာ ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်တဲ့ အဖွဲ့အစည်းတွေလည်း အသိအမှတ်ပြုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ထို့ကြောင့်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ ပြည်သူတွေရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့အတူ ရပ်တည်ပြီး ပေးအပ်တဲ့တာဝန်ကို ဆက်လက်ထမ်းဆောင်သွားမယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ကိုဆန့်ကျင်ပြီး ပြည်သူကိုသစ္စာရှိတဲ့ အနိုင်ရပါတီတွေက ကိုယ်စားလှယ်တွေ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေနဲ့အတူ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

ဒီ့အပြင် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ပြည်သူတွေကို ထပ်မံဂတိပြုကြောင်းလည်း ဆိုပါတယ်။

ဒါကြောင့် ဘယ်နိုင်ငံကမှ အစိုးရဆိုပြီး တရားဝင်အသိမှတ်မပြုထားတဲ့ တရားမဝင်အာဏာသိမ်းစစ်ကောင်စီကဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ဆိုသော အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်ဟာ ဘယ်ဉပဒေတွေနဲ့မှ အကျုံးဝင် အာဏာသက်ရောက်မှာမဟုတ်ကြောင်း CRPH က အတိအလင်းကြေညာခဲ့တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required