၂၀၂၀ ရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းကြောင်း  စစ်ကောင်စီခန့် ကော်မရှင် ထုတ်ပြန်ချက် အကျုံးမဝင်ဘူးလို့ CRPH ကြေညာ

၂၀၂၀ ရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းကြောင်း  စစ်ကောင်စီခန့် ကော်မရှင် ထုတ်ပြန်ချက် အကျုံးမဝင်ဘူးလို့ CRPH ကြေညာ

ဇူလိုင် ၂၇

အာဏာသိမ်း စစ်ကောင်စီ ခန့်အပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲရလာဒ် ဖျက်သိမ်းကြောင်း မနေ့က ထုတ်ပြန်ချက်ဟာ အကျုံးမဝင်ဘူးလို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH က ဇူလိုင်လ ၂၇ ရက်နေ့မှာ ပြန်လည် ကြေညာလိုက်ပါတယ်။

ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှုမရှိဘူးဆိုပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲရလာဒ်တွေကို ဖျက်သိမ်းလိုက်တယ်လို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မနေ့က ကြေညာခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required