ကိုဗစ်-၁၉ သည် လူသားတို့ထံမှ ပျံ့နှံ့ခဲ့သည်ဟု Lancet ဆေးဘက်ဆိုင်ရာ ဂျာနယ်က တရုတ်၏ ဖိအားပေးမှုဖြင့် ဖော်ပြခဲ့ကြောင်း စွပ်စွဲခံရ

ကိုဗစ်-၁၉ သည် လူသားတို့ထံမှ ပျံ့နှံ့ခဲ့သည်ဟု Lancet ဆေးဘက်ဆိုင်ရာ ဂျာနယ်က တရုတ်၏ ဖိအားပေးမှုဖြင့် ဖော်ပြခဲ့ကြောင်း စွပ်စွဲခံရ

ကိုဗစ်ဗိုင်းရပ်စ်သည် အစောပိုင်းကာလများတွင် လူအချင်းချင်းကူးစက်သွားပြီးနောက် ဝူဟန်အပြင်ဘက်သို့ ပျံ့နှံ့သွားသည်ဟု တရုတ်၏ ဖိအားပေးသည့်အတိုင်း ဖော်ပြခဲ့သည်ဟု ကမ္ဘာကျော် ဆေးဘက်ဆိုင်ရာ ဂျာနယ် Lancet ကို စွပ်စွဲထားသည်။

ရောဂါအသစ်၏ အန္တရာယ်နှင့် ပတ်သက်၍ တရုတ်သိပ္ပံပညာရှင်များက ကမ္ဘာကြီးကို ရဲဝံ့စွာ သတိပေးရန် ကြိုးစားအားထုတ်မှုများရှိခဲ့ပြီး အရေးကြီးသော သက်သေအထောက်အထားများဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်သစ်သည် လက္ခဏာမပြဘဲနှင့် လူလူချင်းကူးစက်နိုင်ကြောင်းကို အယ်ဒီတာများက မျှဝေရန် ပျက်ကွက်ခဲ့သည်။

ယင်းအကြောင်းအရာကို Wellcome Trust ၏ ဒါရိုက်တာ ဆာဂျယ်ရမီဖာရာ ရေးသားသည့် စာအုပ်အသစ်တွင် ပါရှိခဲ့သည်။

ဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကိုင်တွယ်ရာတွင် လျင်မြန်စွာ လုပ်ဆောင်ရန် အရေးကြီးသောကြောင့် ဂျာနယ်၏ အပြုအမှုအပေါ် ၎င်းက အံ့အားသင့်ခဲ့ရသည်။

တရုတ်အာဏာပိုင်များကို စိတ်ကျေနပ်စေရန်အတွက် သြဇာလွှမ်းမိုးသည့် သိပ္ပံမီဒီယာ၏ အခန်းကဏ္ဍမှ ပါဝင်ခြင်းနှင့် ကိုဗစ်ဗိုင်းရပ်စ်သည် ဝူဟန်ဓာတ်ခွဲခန်းမှ ယိုစွမ့်ပေါက်ဖွားခြင်းဖြစ်နိုင်ကြောင်း အကြံပြုထားသည့် ပြင်းထန်သည့် ဆွေးနွေးမှုများကြောင့် ယင်းအငြင်းပွားမှုပြဿနာတွင် အဓိကကျနေသည့် Lancet နှင့် ပတ်သက်၍ စိုးရိမ်စရာများရှိနေသည်။

“ စက္ကန့်နဲ့အမျှ အရေးကြီးနေချိန်မှာ Lancet က သတင်းကို အများပြည်သူဆီ မြန်မြန်ချပြလိုက်တာထက် သိုဝှက် ဖုံးကွယ်ထားသလိုပါပဲ”ဟု တိုရီအမတ် ဘော့စီလေးက ပြောကြားခဲ့သည်။

“ သူ့အနေနဲ့ ကမ္ဘာ့သိပ္ပံပညာရှင်တွေ၊ ဆရာဝန်တွေနဲ့ အများပြည်သူ့ ကျန်းမာရေးပညာရှင်တွေကို တတ်နိုင်သမျှ အမြန်ဆုံးအကြောင်းကြားသင့်ပါတယ်”

ဝူဟန်ဓာတ်ခွဲခန်းတွင် ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ စမ်းသပ်မှုများကို ပရဟိတရန်ပုံငွေဖြင့် ငွေကြေး ထောက်ပံ့ပေးခဲ့သော Peter Daszak က မူကြမ်းရေးသားခဲ့သည့် ကိုဗစ်-၁၉သည် သဘာဝမှ ဇစ်မြစ်စတင်ခဲ့ခြင်းမရှိကြောင်း ဖော်ပြသည့် ယူဆချက်သီအိုရီများအား တိုက်ခိုက်ထားသော အငြင်းပွားဖွယ် စာတစ်စောင်အတွက်လည်း ဂျာနယ်သည် ဝေဖန်ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly