ဟောင်ကောင်ကိစ္စနှင့် ပတ်သက်ပြီး တရုတ်က အမေရိကန်နိုင်ငံသားများနှင့် အဖွဲ့အစည်းများကို ပိတ်ဆို့ အရေးယူ

ဟောင်ကောင်ကိစ္စနှင့် ပတ်သက်ပြီး တရုတ်က အမေရိကန်နိုင်ငံသားများနှင့် အဖွဲ့အစည်းများကို ပိတ်ဆို့ အရေးယူ

အမေရိကန်ပြည်ထောင်စု၏ ဟောင်ကောင်ရှိ လွတ်လပ်ခွင့်များယိုယွင်းလာသည်ဆိုသော မှတ်ချက်ကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်အစိုးရဖွဲ့မှ အကြီးတန်းအရာရှိတစ်ဦး လာရောက်မည့် ရက်အနည်းငယ်အလိုဖြစ်သော ဇူလိုင်လ ၂၃ ရက်တွင် တရုတ်အစိုးရက အမေရိကန်နိုင်ငံသား ၇ ဦးနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုပြုလုပ်လိုက်သည်။

လူ့အခွင့်အရေး၊ ကုန်သွယ်ရေး၊ ဆိုက်ဘာလုံခြုံရေးနှင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ မူလဇာစ်မြစ်များအပါအဝင် ကိစ္စရပ်ပေါင်းများစွာတွင် တရုတ်နှင့် အမေရိကန်အကြား တင်းမာမှုများ ပိုမိုဆိုးရွားလာခဲ့သည်။

ဘဏ္ဍာရေးအချက်အချာဖြစ်သော ဟောင်ကောင်တွင် တရုတ်၏ ဖိနှိပ်မှုများကြောင့် ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန်က ၎င်း၏ စီးပွားရေးအသိုင်းအဝိုင်းအား ဟောင်ကောင်တွင် စီးပွားရေးလုပ်ကိုင်ရသည့် အန္တရာယ်များကို သတိပေးခဲ့သည်။

၂၀၂၀ ပြည့်နှစ်က တရုတ်အစိုးရက ပြဌာန်းခဲ့သော ဆိုးရွားလှသည့် လုံခြုံရေးဥပဒေအသစ်ကြောင့် စီးပွားရေးလုပ်ငန်းများနှင့် တစ်ဦးချင်းအပေါ် ကျရောက်လာနိုင်သည့် အန္တရယ်များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ဦးဆောင်သော အေဂျင်စီများက အမေရိကန်လုပ်ငန်းရှင်များအား ပြောကြားခဲ့သည်။

ဇူလိုင်လ ၂၃ ရက်က ကြေညာချက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါပိတ်ဆို့မှုသည် ဟောင်ကောင်စီးပွားရေးပတ်ဝန်းကျင်ကို ကျိုးကြောင်းမဲ့ ထိခိုက်စေပြီး နိုင်ငံတကာဥပဒေနှင့် နိုင်ငံတကာဆက်ဆံရေး အခြေခံစံနှုန်းများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းကြောင့် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါ မှတ်ချက်ကြောင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်၏ ကုန်သွယ်ရေးဝန်ကြီး ဝဲလ်ဘာရို့စ်အပါအဝင် အမေရိကန်နိုင်ငံသား ၇ ဦးနှင့် အဖွဲ့အစည်းများအား ဒဏ်ခတ် အရေးယူမှုများပြုလုပ်မည်ဟု တရုတ်က တုံ့ပြန်ခဲ့သည်။

ကုန်သွယ်ရေးဝန်ကြီးဟောင်း ဝဲလ်ဘာရို့စ်သည် တာဝန်ထမ်းဆောင်စဉ်က Huawei နှင့် ZTE ကဲ့သို့သော တရုတ် ဆက်သွယ်ရေး ကုမ္ပဏီများအပါအဝင် တရုတ်ကုမ္ပဏီများအား လုပ်ကိုင်ခွင့် ကြိုတင်မရယူဘဲ အမေရိကန် ကုမ္ပဏီများနှင့် ကုန်သွယ်မှုမပြုနိုင်သော ကုမ္ပဏီများစာရင်းကို ပိုမိုစာရင်းသွင်းခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required