မြဝတီမြို့က ရေနစ်မြှုပ်မှု ညနေပိုင်းအခြေအနေ ဆက်သွယ်မေးမြန်းချက် 

မြဝတီမြို့က ရေနစ်မြှုပ်မှု ညနေပိုင်းအခြေအနေ ဆက်သွယ်မေးမြန်းချက် 

ထိုင်း- မြန်မာနယ်စပ် မြဝတီမြို့ရှိ အနိမ့်ပိုင်းရပ်ကွက်တွေကို မနေ့ညနေပိုင်းက စတင်ပြီး မြစ်ရေတွေ ဝင်ရောက်လာတဲ့အတွက် ရေနစ်မြှုပ်မှုဖြစ်ပေါ်လို့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး ရေဘေးဒုက္ခသည်စခန်း လေးခုဖွင့်လှစ်ထားတယ်လို့ မြဝတီမြို့ခံ လူမှုကူညီကယ်ရေးအဖွဲ့တွေက ပြောပါတယ်။

မြဝတီမြို့ အမှတ် (၁) ရပ်ကွက်၊ အမှတ် (၂) ရပ်ကွက်နဲ့ အမှတ် (၅) ရပ်ကွက်မှာ ရေနစ်မြှုပ်မှုကို အဓိက ကြုံတွေ့နေရတာဖြစ်ပြီး အခုညနေအထိ မိုးဆက်လက်ရွာသွန်းနေရင် တခြားအမြင့်ပိုင်းရပ်ကွက်တွေအထိပါ ရေနစ်မြှုပ်မှု ကြုံရနိုင်ခြေရှိတယ်လို့ လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေက ခန့်မှန်းထားကြပါတယ်။

မြဝတီမြို့ ရေနစ်မြှုမှု ဒီနေ့ ဇူလိုင်လ ၂၇ ရက်နေ့ ညနေပိုင်းအထိ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ မြေပြင်မှာ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ချုပ် (မြဝတီမြို့) ဥက္ကဋ္ဌ ဦးလှထွန်းကို မဇ္ဈိမက ဆက်သွယ်မေးမြန်း ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly