ပြည်မြို့တွင် အိမ်ပြင်ထွက်ခွင့်ကန့်သတ်ချက် ဆက်လက်တည်ရှိနေ

ပြည်မြို့တွင် အိမ်ပြင်ထွက်ခွင့်ကန့်သတ်ချက် ဆက်လက်တည်ရှိနေ
ဓာတ်ပုံ-ကိုကိုချစ်

ဇူလိုင် ၂၅

ပြည်မြို့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသော အိမ်ပြင်ထွက်ခွင့်အချိန်ကန့်သတ်ချက်ကို ပယ်ဖျက်ခြင်းမပြုသေးဘဲ ဆက်လက်တည်ရှိနေကြောင်း အုပ်ချုပ်ရေးမှူးများအပြောအရသိရသည်။

 နံနက်၄နာရီမှ နေ့လည်၁၂နာရီအထိသာ အိမ်ပြင်ထွက်ခွင့်ရှိသည့် အမိန့်ကိုပယ်ဖျက်လိုက်သည်ဟု ကောလာဟလများ လူမှုကွန်ရက်တွင် ထွက်ပေါ်နေခြင်းအပေါ် မဇ္ဈိမက မေးမြန်းရာတွင် အုပ်ချုပ်ရေးမှူးများက ပြန်လည်တုံ့ပြန်လိုက်ခြင်းဖြစ်သည်။ 

 "အဲအမိန့်က ရှိနေဆဲဗျ။ တကယ်ပယ်ဖျတ်ရင် ကျွန်တော်တို့ အုပ်ချုပ်ရေးပိုင်းကအရင်သိရမှ။ာ စာလည်းပို့ပေးရမှာလေ။ အခုဘာညွှန်ကြားချက်မှ မလာသေးဘူး အွန်လိုင်းကပြန့်နေတဲ့ ကောလဟာလတွေကိုယုံပြီး အပြင်ထွက်ရင် ဒုက္ခရောက်ကုန်တော့မယ်"ဟု အမည်မဖော်လိုသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူတစ်ဦးကပြောသည်။ 

 ဇူလိုင်လ၂၃ရက်နေ့တွင် စစ်ကောင်စီမှ အစိုးရရုံးပိတ်ရက် သတ်တမ်းကို ဇူလိုင်၂၆ရက်နေ့မှ သြဂုတ်လ၁ရက်နေ့အထိ ထပ်မံသက်တမ်းတိုးကြောင်း စာထုတ်ပြန်ခဲ့သည်။ မြို့နယ်များကို နံနက်၄နာရီမှနေ့လည်၁၂နာရီအထိသာ အပြင်ထွက်ခွင့်ရှိသည်ဟု ကန့်သတ်ခဲ့သည်။ 

အချိန်ကန့်သတ်ချက်တွင် ဆိုင်ကယ်ကိုနှစ်ဦးမောင်းနှင်မစီးရန်နှင့် အပြင်ထွက်မည်ဆိုပါက အပြင်ထွက်ခွင့်ကဒ်ပြားပါမှသာ ထွက်ခွင့်ရှိပြီး မလိုက်နာခဲ့ပါက ဒဏ်ငွေပေးဆောင်ရမည်ဟု ပါရှိသည်။ 

ယနေ့နေ့လည်က အောက်စီဂျင်အိုးလိုက်ရှာနေသည့် အမျိုးသားနှစ်ဦးကို စစ်တပ်မှသေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးဒဏ်ရာရရှိသွားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly