ပြည်မြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ညီအကို ၂ ဦးကိုဖမ်းဆီး 

ပြည်မြို့တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ညီအကို ၂ ဦးကိုဖမ်းဆီး 

ဇူလိုင် ၂၅

ပြည်မြို့က အာဏာသိမ်းစစ်ကောင်စီဆန့်ကျင်သောမိသားစုတစ်ခုတွင် ညီအကိုနှစ်ဦးကိုထပ်မံဖမ်းဆီးမှု ဇူလိုင် ၂၄ ရက်ညက ဖြစ်ပွားခဲ့သည်။

ပြည်တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ အမှုဆောင် ကိုရန်နိုင်အောင်နှင့် အကိုဖြစ်သူ နိုင်ငံရေးတတ်ကြွလှုပ်ရှားသူ ကိုရွှေဖြိုးတို့နေထိုင်ရာ နဝင်းကွက်သစ် (၁၄) လမ်း  နေအိမ်သို့  ယမန်နေ့ည ၈ နာရီက အိမ်စီးကားနှစ်စီးဖြင့် စစ်ကောင်စီတပ်ရောက်လာပြီး အတင်းဆွဲခေါ်ဖမ်းသွားကြသည်။ 

" ရန်နိုင်အောင်က ၅၀၅ (က) နဲ့ ဖမ်းဝရမ်းအထုတ်ခံထားရတာ၊ သူတို့တစ်အိမ်လုံးဖျားနေကျတာဗျ။ တစ်အိမ်လုံးဖျားလို့ ပြန်လာတာနဲ့တူတယ်"ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးမှပြောသည်။ 

ဖမ်းဆီးခံရသော ညီအကိုနှစ်ဦး၏ ဖခင်ဖြစ်သူ ဦးဝင်းလှိုင်သည်လည်း လွန်ခဲ့သည့်လပိုင်းက ဖမ်းခံထားရသည်။

 ပြည်မြို့နယ်တွင် စစ်တပ်မှ အာဏာသိမ်းပြီးမှ ၂၀၀ကျော်ဖမ်းဆီးခံထားရပြီး အသက်သေဆုံးမှုများရှိခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly