ကရင် မွန် နှင့် တနင်္သာရီတို့တွင် ရေကြီးရေနစ်မြုပ်မှုဖြစ်

ကရင် မွန် နှင့် တနင်္သာရီတို့တွင် ရေကြီးရေနစ်မြုပ်မှုဖြစ်
ဓာတ်ပုံ- မော်လမြိုင်မြို့လူနေရပ်ကွက်အချို့ ရေတက်

ဇူလိုင် ၂၅

မိုးရွာသွန်းမှုနေ့စဉ်အားကောင်းနေခဲ့သော ကရင်၊မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီး မြို့နယ်အချို့တွင် ရေဘေး ကြုံတွေ့နေပြီး ယင်းဒေသတွေမှာနောက်ထပ် မိုးကြီးမယ့် သတိပေးချက်ကို မိုးဇလဌာနက ထုတ်ပြန်ထားသည်။ 

ဇူလိုင်လ ၂၂ ရက်နေ့ကတည်းက နေရာကွက်ကာ မိုးကြီးနေသဖြင့် ကရင်ပြည်နယ် မြဝတီနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ်က မြေနိမ့်ပိုင်း ကျေးရွာနှင့် ရပ်ကွက်တွေမှာ လွန်ခဲ့သည့်ရက်အနည်းငယ်က ရေကြီးနစ်မြုပ်မှု ဖြစ်ခဲ့ပြီး အခုအခါမှာတော့ မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ တနသ်ာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်တို့မှာ ရေကြီးမှုတွေဖြစ်လာနေသည်။ 

" ရေဘေးစကြုံပြီ။ ထမင်းထုပ်မျှော်ရမယ့်အခြေအနေကိုရောက်လာကြတော့မယ်"ဟု မော်လမြိုင်မြို့ သီရိမြိုင်ရပ်ကွက်မှာနေသည့် ဒေသခံတစ်ဦးကပြောသည်။ 

မော်လမြိုင်မှာ သိရိမြိုင်ရပ်ကွက်အပါအဝင် မြေနိမ့်ပိုင်းရပ်ကွက်တွေရေမြုပ်နေ၍ ထမင်းထုပ်ဝေဖို့ ပြင်ဆင်နေကြောင်းသိရသည်။

ဓာတ်ပုံ- မော်လမြိုင်မြို့လူနေရပ်ကွက်အချို့ ရေတက်

ပုံမှန်ထက် မိုးကောင်းလျင် မြေပြိုတတ်သော ဘေးအန္တရာယ်ရှိနေသည့် တနသ်ာရီတိုင်းဒေသကြီး လောင်းလုံမြို့နယ်တွင်လည်း နေရာအချို့မှာ တောင်မြေပြိုကျမှုတွေ ဖြစ်ပေါ်နေသည်။

 လောင်းလုံမြို့မှာ တစ်နေ့တည်း မိုးရေချိန် ခုနှစ်လက်မကျော်အထိ ရွာခဲ့ပြီး ကော့သောင်းမြို့တွင်လည်း  ငါးလက်မကျော်အထိရွာခဲ့ကြောင်း မိုးဇလက ယနေ့ ထုတ်ပြန်ထားသည်။

လက်ရှိကာလမှာ ဘဂ်လားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု မကြာမီ ဖြစ်လာနိုင်ပြီး ကရင်၊ မွန်ပြည်နယ်နဲ့ တနသ်ာရီတိုင်းဒေသကြီးမှာ ဒေသအလိုက်မိုးကြီးနိုင်တယ်လို့မိုးဇလဌာနက သတိပေးထားသည်။  

အိမ်နီးချင်းတရုတ်နိုင်ငံတွင် ဆိုးရွားတဲ့ရေဘေးကြုံနေပြီး တရုတ်နှင့် ဆက်စပ်မြစ်များဖြစ်သော  သံလွင်မြစ်၊ တာပိန်နှင့် ရွှေလီမြစ်ရေများ ရုတ်တရက်မြင့်တက်လာလျင် မြန်မာမှာလည်း  ရေဘေးအန္တရာယ် ပိုများနိုင်တယ်လို့ ကျွမ်းကျင်သူအချို့က သတိပေးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly